အာဃာတကင်းသည့် နိုုင်ငံရေးဆွေးနွေးပွဲဖြင့် ပြည်သူ့ဘဝ လုံုခြံုအေးချမ်းစေမည်ဟု NLD ကတိပြု

အာဃာတကင်းသည့် နိုုင်ငံရေးဆွေးနွေးပွဲဖြင့် ပြည်သူ့ဘဝ လုံုခြံုအေးချမ်းစေမည်ဟု NLD ကတိပြု

ရန်ကုန် စက်တင်ဘာ ၁၅။                           ။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အာဃာတ ကင်းပြီး ပင်လုံစိတ်ဓါတ်ကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် ပြည်သူများ၏ ဘဝလုံခြုံအေးချမ်းစေရမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ရွေးကောက်ပွဲ ကြေညာ စာတမ်းဖြင့် ကတိပြုလိုက်သည်။

"တိုင်းရင်းသား အားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်း ညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ခိုင်မြဲရေးအတွက် ဦးတည်ဆောင်ရွက်မည်။" ဟုလည်း တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဖြစ် စာတမ်းအတွင်း ထည့်သွင်းရေးသားထားသေးသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့ပါက ယင်းအချက်များကို အကောင်အထည်ဖော်ပေးမည်ဟု ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် အမှာစာရေးသားကာ ရွေးကောက်ပွဲ ကြေညာ စာတမ်းကို လက်မှတ်ထိုးထုတ်ပြန်ခြင်းဖြစ်သည်။

လွတ်လပ်ခြင်း၊ တူညီသောအခွင့်အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိခြင်းတို့နှင့် ပြည့်စုံသော စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်မည်ဟု ပါရှိသည်။

ပြည်ထောင်စုဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ပွင့်လင်းမြင်သာသော စီမံချက်များ ချမှတ်ဆောင်ရွက်မည်ဖြစ်ပြီး သဘာဝ အရင်းအမြစ်များ ထုတ်ယူရာမှ ရရှိလာသည့် အကျိုးအမြတ်များကို လည်း ဖက်ဒရယ် ပြည်ထောင်စုမူနှင့်အညီ ဒေသအလိုက် မ ျှတစွာ ခွဲဝေခံစားခွင့်ရရှိစေရမည်ဟု ဖော်ပြထားသည်။

တိုင်းရင်းသားများသည် အချင်းချင်းအကြား ဖြစ်ပေါ်သော ပြဿနာများကို အပြန်အလှန် လေးစားမှုဖြင့် စားပွဲဝိုင်း ဖြေရှင်းနည်းဖြင့် ဖြေရှင်းမည် ဟု ကြေညာစာတမ်းအတွင်း ထည့်သွင်းထားသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မဲအများစု အနိုင်ရခဲ့သည့် NLD သည် လွှတ်တော်ခေါ်ခွင့်မရခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီခေါင်းဆောင်များ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသည်။

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာသည်။ လာမည့်အထွေထွေရွေးကောက်ပွဲ၌မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံအနံှ့ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags