ရှမ်းတိုင်းရင်းသားများ ဒီမ်ိုကရက်တစ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား

ရှမ်းတိုင်းရင်းသားများ ဒီမ်ိုကရက်တစ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၂ ။          ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ၎င်းတို့ပါတီ၏ မှုဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၂ ရက် ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါဟောပြောတင်ပြချက်အပြည့်စုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မိုင်ဆုန်ခ(အားလုံးမင်္ဂလာပါခင်ဗျား)

လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား-ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီရဲ့ဥကူ္ကဋ္ဌဖြစ်တဲ့ ကျွန်တော်ဦးစိုင်းအိုက်ပေါင်းက မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်းဦးစွာဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ပြည်ထောင်စုဖွားညီနောင်တိုင်းရင်းသားများခင်ဗျား-

နိုင်ငံရေးပါတီတို့မည်သည် နိုင်ငံတော်ကြီး အေးချမ်းတည်ငြိမ်တိုးတက်ကြီးပွားဖွံ့ဖြိုးဖို့ ဦးတည်ရည်မှန်း၍ ဆောင်ရွက်ရာမှာ ခိုင်မာသော ပါတီ၏ယုံကြည်ချက်၊ရည်ရွယ်ချက်/ရည်မှန်းချက်နှင့်တကွ မှုဝါဒ လုပ်ငန်းစဉ်များကို ချမှတ်ကြိုးပမ်းကြရမှာဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟာ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် စတင်ရရှိခဲ့တဲ့ (၂၆-၅-၂၀၁၀)ရက်နေ့ကစပြီး မိမိတို့ပါတီရဲ့ ယုံကြည်ချက်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ၊ မူဝါဒလမ်းစဉ် များနှင့်အညီဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအရေးမှာ တက်ကြွစွာ လှုပ်ရှားဆောင်ရွက်လာခဲ့သည်မှာ ငါးနှစ်တာ ကာလကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။မိမိတို့ကျားဖြူပါတီ၏ ယုံကြည်ချက်ကအချုပ် အားဖြင့်နိုင်ငံသားတိုင်းရင်းသားတို့၏ နိုင်ငံရေး/စီးပွားရေး/လူမှုရေးဆိုင်ရာ အခွင့်အရေးများကို တန်းတူ/ညီမျှဖော်ဆောင်ပေး၍ မတရားဖိနှိပ်ခြင်း ကင်းဝေးမှသာလျှင် စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို အမှန်တကယ်တည်ဆောက်နိုင်မယ်လို့ အလေးအနက်ယုံကြည်ပါတယ်။ဒီနေရာမှာ တန်းတူမှုနှင့် ညီမျှမှုဆိုတာ မတူညီပါဘူး။ ဥပမာ-စားကောင်းသောအသီးသုံးလုံးနှင့် ပုပ်သိုးနေသော အသီးသုံးလုံးကို လူနှစ်ယောက်ခွဲဝေယူကြတဲ့ ဥပမာဖြင့် ပြပါမယ်။အရေအတွက် ညီမျှစွာ ခွဲဝေယူကြရာမှာ သုံးလုံးစီ ရနိုင်မည်ဖြစ်သော်လည်း ခွဲဝေယူသည့် ပုံစံပေါ်မူတည်၍ အရည်အသွေး အကောင်း/အဆိုးတွင် တန်းတူရဖို့က ပေးသူနှင့် ရယူသူတို့ရဲ့စိတ်ရင်းဆန္ဒနှင့် လုပ်ဆောင်ချက်ပေါ်မှာ မူတည်ပါလိမ့်မယ်။ နိုင်ငံရေးတန်းတူညီမျှမှုရရှိဖို့ကလည်း၎င်းနှင့် အလားသဏ္ဍာန် တူပါတယ်။

ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသားများခင်ဗျား-

ကျားဖြူပါတီ၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို ရှင်းလင်းတင်ပြလိုပါတယ်။

ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်က နိုင်ငံ့အရေးမှာ စိတ်ကူးယဉ်မျှော်မှန်းချက်ထက် လက်တွေ့အကျိုးရှိဖို့နှင့် ထိပ်တိုက်ရင်ဆိုင်ရေး/ဆန့်ကျင်ရေးကို ဦးစားမပေးဘဲ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်နိုင်ရေးပဲ ဖြစ်ပါတယ်။

ရည်မှန်းချက်ကတော့-

တန်းတူညီမျှ၍ အေးချမ်းတည်ငြိမ်တိုးတက်ဖွံ့ဖြိုးသာယာသောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး။ ဌာနေတိုင်းရင်းသားအားဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရဖွဲ့စည်းနိုင်ရေး။

 မိမိတို့ တိုင်းရင်းသားမျိုးနွယ်စုကို ကိုယ်စားပြုတဲ့ ဦးဆောင်နိုင်ငံရေးပါတီဖြစ်ရေးတို့ပဲ ဖြစ်ပါတယ်။

ညီနောင်တိုင်းရင်းသားများခင်ဗျား-

ယခင်က ဖက်ဒရယ်ဆိုတဲ့ စကားလုံးဟာ ၎င်းအဓိပ္ပာယ်ကို ပြောင်းပြန်ဖြစ်အောင် ဝါဒဖြန့်ရိုက်သွင်းခံခဲ့ရလို့ လူတကာရဲ့ကြောက်ရွံ့ရှောင်ဖယ်ခြင်းကိုခံရတဲ့ စကားလုံးဖြစ်ခဲ့ရပါတယ်။ တကယ်တော့ ဘယ်အဘိဓာန်စာအုပ်မှာမဆို လှန်ကြည့်လိုက်ရင် ဖက်ဒရယ်ရဲ့အဓိပူ္ပာယ်က ခွဲထွက်ခြင်းမဟုတ်ဘဲပေါင်းစည်းခြင်းသာဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရေးမှာ ပြည်နယ်/တိုင်းဒေသကြီးများက တန်းတူညီမျှရရှိဖို့ လိုအပ်တဲ့ လုပ်ပိုင်ခွင့်၊ ပြဋ္ဌာန်းခွင့်အာဏာများကို ညီညီမျှမျှ တန်းတူခွဲဝေရယူကြရပါမယ်။နိုင်ငံတော်ရဲ့ မြေပေါ်မြေအောက် သ.ံဖာတများ၊ အခွန်အခများ၊ စီမံအုပ်ချုပ်ခွင့်အာဏာများကို တိုင်းဒေသကြီးနဲ့ပြည်နယ်များထံ ခွဲဝေပေးရပါမယ်။ဗဟိုချုပ်ကိုင်မှုကို လျှော့ချပေးရပါမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်များကရသင့်ရထိုက်တဲ့ အခွင့်အရေးများကို တန်းတူစွာနှင့် ညီမျှစွာ ခွဲပေးခြင်းဖြင့်ဖက်ဒရယ်ပြည်ထောင်စုစနစ် အစစ်အမှန်ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ကျွန်တော်တို့ပြောတဲ့ လိုလားတဲ့ ဖက်ဒရယ်ဆိုတာ ဒီပုံစံပါပဲ။ ဖက်ဒရယ် ဆိုတာ ကြောက်ရွံ့စရာမလိုပါဘူးခင်ဗျား။

ဌာနေတိုင်းရင်းသားအားဖြင့် ပြည်နယ်အစိုးရဖွဲ့စည်းရေး ရည်မှန်းခြင်းသည် မိမိကိုယ်ကျိုးစီးပွားအတွက် အာဏာရယူလိုခြင်း လုံးဝမဟုတ်ပါ။ မိမိတို့ ဌာနေတိုင်းရင်းသားသည်သာလျှင် မိမိတို့၏ ဌာနေလိုအပ်ချက်ကို မိမိအသိဆုံး၊ တိုးတက်ဖွံ့ဖြိုးအောင်၊ ဘက်မျှအောင် ဘယ်လိုစီမံဆောင်ရွက်ရမှာကို အသိဆုံးပဲ ဖြစ်ပါမယ်။ မိမိတို့လက်ထဲမှာ မိမိကံကြမူ္မာကို ဖန်တီးနိုင်ခွင့်အာဏာရှိမှသာလျှင် မိမိတို့ဘဝကို အလှဆင်နိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုဖြည့်စွက်ပြောချင်တာကတော့ နိုင်ငံရေးပါတီတစ်ခုအတွက် အရေးကြီးဆုံးက နိုင်ငံ့အရေးဆောင်ရွက်ရာမှာ နိုင်ငံရေးအာဏာ ရယူနိုင်ဖို့ ပဲဖြစ်ပါတယ်။

နိုင်ငံရေးအာဏာရပြီးရင် နိုင်ငံသားပြည်သူများအတွက် ကောင်းကျိုးချမ်းသာ ဆောင်ရွက်ပေးနိုင်ဖို့ကို ရည်မှန်းချက်ကြီးကြီးထားရပါမယ်။ ဒါမှသာနိုင်ငံ့အတွက် နိုင်ငံရေးပါတီကောင်း တစ်ခုဖြစ်လာမှာဖြစ် ပါမယ်။နိုင်ငံရေးပါတီတိုင်းဟာ နိုင်ငံရေးအာဏာရယူချင်လို့ အားလုံးကရွေးကောက်ပွဲဝင်ကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာ မလိုချင်ရင် ဘာဖြစ်လို့ရွေးကောက်ပွဲဝင်တာလဲ၊ နိုင်ငံရေးအာဏာ မရှိရင် ပြည်သူကိုဘယ်လိုကူညီနိုင်မှာလဲလို့ ကျွန်တော်မေးချင်ပါတယ်။ ပဓာနအကျဆုံးက နိုင်ငံရေးအာဏာကို နိုင်ငံနှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အသုံးချနိုင်ဖို့က အဓိကဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီကတော့ နိုင်ငံရေးအာဏာအတွက် ရွေးကောက်ပွဲ ဝင်ပါတယ်။

နိုင်ငံရေးအာဏာရမှ ကျွန်တော်တို့ ပြည်နယ်နှင့် ပြည်သူများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံကျတဲ့ လမ်းတံတား၊ စီမံကိန်းများ၊ အလုပ်အကိုင်အခွင့်အလမ်း စီမံကိန်းများ၊ စီးပွားရေးစီမံကိန်းများ၊ စိုက်ပျိုးမွေးမြူရေးစီမံကိန်းများ၊ ပညာရေး/ကျန်းမာရေးစီမံကိန်းများ၊ မြေသိမ်းယာသိမ်း ပြဿနာဖြေရှင်းရေးစီမံချက်မျာ အစရှိတဲ့ လငမှုဘဝဖွံ့ဖြိုးရေးစီမံကိန်းများကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရည်မှန်းချက်နောက်တစ်ခုကဌာနေတိုင်းရင်းသားအားဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ ဖွဲ့စည်းရေးပဲ ဖြစ်ပါတယ်။

ညီနောင်တိုင်းရင်းသားများခင်ဗျား-

ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသားမျိုးနွယ်စုများစွာ စုစည်းနေထိုင်တဲ့နိုင်ငံပါ။ တိုင်းရင်းသားမျိုးးနွယ်စုကြီးများရော မျိုးနွယ်စုငယ်များပါ တစ်နိုင်ငံလုံး ပြန့်ကျဲရောနှောနေထိုင်နေကြပါတယ်။ ဒီမျိုးနွယ်စုများ ဟာမိမိတို့ တစ်စုချင်းအလိုက် စုစည်းညီညွတ်မှုကနေ ပြည်ထောင်စုတိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှု ကိုဖော်ဆောင်ကြရမှာဖြစ် ပါတယ်။တိုင်းရင်းသားလူမျိုးစုများ အခြေပြု နိုင်ငံရေးပါတီများက မိမိမျိုးနွယ်စုစည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်မှသာပြည်ထောင်စုစည်းလုံးမှုကိုအထောက်ကူပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်မည်သည့် တိုင်းရင်းသားမဆိုမိမိနေထိုင်နေတဲ့ နယ်မြေဒေသက တိုင်းရင်းသား မျိုုးနွယ်စုများနဲ့ သဟဇာတဖြစ်မှ၊ မိမိဘဝရှင်သန်မှု အသက်မွေးမှုကို ထောက်ကူပေးနေတဲ့ နယ်မြေဒေသကျေးဇူးတရားကို နားလည်ခံစား သိတတ်မှသာလျှင် ကျွန်တော်တို့ လိုချင်တဲ့ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ ကိုယ်နေတဲ့မြေ/ ကိုယ်သောက်တဲ့ရေ/ကိုယ့်ဘဝကို တည်ဆောက်ကြတဲ့ဒေသကို သစူ္စာမဖောက်ကြဖို့ လိုပါတယ်။မိမိကိုယ်ကိုယ် မိမိနေထိုင်ရာ ဌာနေတိုင်းရင်းသားများအဖြစ် ခံယူပြီးဌာနေတိုင်းရင်းသားတို့ရဲ့ နိုင်ငံ့အရေး ကြိုးပမ်းဆောင်ရွက်ရာမှာ ပါဝင်ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။

ညီနောင်တိုင်းရင်းသားများခင်ဗျား-

ကျားဖြူပါတီရဲ့မူဝါဒသဘောထားကို အကျဉ်းမျှ ဖော်ပြလိုပါတယ်။နိုင်ငံရေးစနစ်မှာ - ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ကို လိုလားလက်ကိုင်ထားပါတယ်။ ပါတီစုံဒီမိုကရေစနစ်တွင် နိုင်ငံသားတိုင်း ရရှိအပ်တဲ့နိုင်ငံရေးအခြေခံအခွင့်အရေးများ တန်းတူတင်းပြည့် ကျပ်ပြည့်ရရှိမှသာလျှင်အချင်းချင်း သံသယကင်းရှင်း၍ ခိုင်မြဲသောတိုင်းရင်းသား သွေးစည်းညီညွတ်မှုကု ဖော်ဆောင်နိုင်ပါမယ်။ ထိုမှ အချုပ်အခြာအာဏာတည် တံ့ခိုင်မြဲသော ပြည်ထောင်စုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။

နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍမှာ-

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် မူကြီး(၅)ရပ်တို့ကို အခြေခံ ၍ အခြားနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားပါမယ်။

စီးပွားရေးကဏ္ဍမှာ-

တိုင်းရင်းသား လူမျိုးတိုင်း စားဝတ်နေရေးဖူလုံ၍ လူနေမှုအဆင့် အတန်းမြင့်မားပြီး၊ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးရပါမယ်။

လူမှုကဏ္ဍမှာ-

နိုင်ငံတကာအဆင့်မီ အမျိုးသားကျန်းမာရေးစောင့်ရှောကမှုအစီအမံများ အောင်မြင်ဖြစ်ထွန်းရန် ဆောင်ရွက်ပါမယ်။

 မသင်မနေရ အခမဲ့အခြေခံပညာရေးစနစ်နှင့် တိုင်းရင်းသားစာပေများတွဲဖက်သင်ကြားရေး ဖော်ဆောင်နိုင်ရန် ကြိုးပမ်းပါမယ်။ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သော၊ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုနိုင်သော အဆင့်မြင့်ပညာရေးကိုလည်း တိုင်းရင်းသားနိုင်ငံသားတိုင်းတန်းတူညီမျှ သင်ယူဆည်းပူးနိုင်အောင်ဆောင်ရွက်ရပါမယ်။

နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးမှာ စီးပွားရေးနှင့်ပညာရေးဟာအဓိကမောင်းနှင်အားဖြစ်သလို လမ်းပန်းဆက်သွယ်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ လုံလောက်သော လျှပ်စစ်ဓာတ်အားရရှိရေးတို့က အဓိကဒေါက်တိုင်များ ဖြစ်ကြပါတယ်။ ဒီအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးအောင်လည်း ဆောင်ရွက်ဖို့ လိုအပ်ပါမယ်။

ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသားများခင်ဗျား-

ကျွန်တော်တို့ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကိုသွားတဲ့လမ်းမှာ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲဟာကျော်ဖြတ်သွားရမယ့် တံခါးတစ်ချပ်ပဲဖြစ်ပါတယ်။ ဒီတံခါးကို ကျော်ဖြတ်သွားနိုင်ဖို့က လူထုရဲ့ပူးပေါင်းပါဝင်မှုများစွာ လိုအပ်ပါတယ်။ လူထုကမှန်မှန်ကန်ကန်မဲပေးပါမှ၊ ကိုယ့်ကိုကိုယ်စားပြုမယ့် ကိုယ်စားလှယ်နဲ့ပါတီကိုမှန်မှန်ကန်ကန် ရွေးပေးပါမှ လိုရာပန်းတိုင်ကို လှမ်းနိုင်မှာဖြစ်ပါတယ်။မူကောင်းပြီး လူမကောင်း၍မဖြစ်သလို၊ လူကောင်းပြီး မူမကောင်း ပြန်လျှင်လည်း တိုင်းပြည်နစ်နာပါမယ်။ ဒါကြောင့်လူမှန်၊ ပါတီမှန် ရွေးချယ်မဲပေးကြပါလို့ အလေးအနက် မေတူတာရပ်ခံတိုက်တွန်းပြောကြားလိုပါတယ်။

ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ -

ကျားဖြူ ပါတီကတော့ မိမိတို့ရဲ့ ယုံကြည်ချက်၊ ရည်မှန်းချက်၊မူဝါဒလုပ်ငန်းလမ်းစဉ်များအတိုင်း ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသားများရဲ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို ဖော်ဆောင်ရင်း အကောင်းဘက် သို့ပြောင်းလဲဖို့ ၊ မိမိတို့ရဲ့ယုံကြည်ချက်ကိုအရင်းတည်၍ ပြည်ထောင်စုဘဝသစ်တည်ဆောက်ရန်မြဲမြံသော အဓိဋ္ဌာန်ပြုလျက် ရှေ့သို့ချီတက်မည်ဖြစ်ပါကြောင်း  တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

ကျေးဇူးတင်ပါတယ်။

"ရှမ်းရိုးမက ကျားဖြူ "

(ရှမ်းရိုးမကကျားဖြူအမည် ဇာတာစမ်းနဲ့အညီ နီစိမ်းနိမိတ်ဆောင်

ဖြူစင်သည် သမိုင်းကြောင်းသက်သေတည် အကြောက်တရားကို ပယ်ပါ

သည် မဖောက်ပြားထိုစကား တို့အမျိုးသားစုံညီ...)၂

မိုးယံဆီ အိုးစည်မည် အားမာန် အပြည့်နဲ့ဇွဲဟန်ချီ SNDP  အဓိဋ္ဌာန်သည်မျိုးဆက်သစ်တို့

ဘဝအမှန်ဆီ ဆောင်ပို့စရာတာဝန်သည် လူထုအင်အား

အစဉ်လေးစားယုံကြည်...

(အကောင်းဘက်ပြောင်းဖို့ ကျားအဖြူသည် ပါတီဖွဲ့ခဲ့သည် မြစ်ချောင်း

တောတောင်လျှိုမြောင်ဆီ ခရီးကြမ်းဖြတ်ကျော်သည် တန်ဆောင်မုန်းအမီ

ဒီမိုကရေစီ တို့ကျားဖြူအတွက် မျှော်လင့်ချက်ရောင်ခြည်)၂

မိုးယံဆီ အိုးစည်မည် အားမာန် အပြည့်နဲ့ဇွဲဟန်ချီ SNDP  အဓိဋ္ဌာန်သည်မျိုးဆက်သစ်တို့

 ဘဝအမှန်ဆီ ဆောင်ပို့စရာတာဝန်သည် လူထုအင်အား

အစဉ်လေးစားယုံကြည်...

အကြောက်တရားကိုပယ်ပါသည် မဖောက်ပြားထိုစကား တို့မျိုးသား

စုံညီ

ဆောင်ပို့စရာတာဝန်သည် လူထုအင်အားအစဉ်လေးစားယုံကြည်

(တန်ဆောင်မုန်းအမီဒီမိုကရေစီ တို့ကျားဖြူအတွက် မျှော်လင့်ချက်

ရောင်ခြည်)၂

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ

 ၁။  ပါတီအမည်  -  ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
 ၂။  ပါတီအမည်(English)  -  Shan Natoinalities Democrstic Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၈.၄.၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၅ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးစိုင်းအိုက်ပေါင်း၊ ဦးနယ်(လ်)ဆင်(ခ) ဦးဆောင်ဆီ
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၃.၅.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၈.၅.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၆.၅-၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၁၅)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးစိုင်းအိုက်ပေါင်း၊ ဦးစိုင်းလှကျော်(ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  

အမှတ်(၃၂၆)၊တောင်ကျောင်းလမ်း၊ မြို့မရပ်၊တောင်ကြီးမြို့၊ ရှမ်ပြည်နယ်။

 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -

၀၉-၄၁၀၀၈၂၂၅(ဦးစောယွန်းပိုင်)၊၀၉၅၁၅၉၉၉၈၊၀၉-၂၀၂၁၃၅၈(ဦးစိုင်းမောင်တင်)၊ ၀၈၁-၂၀၂၀၄၊၀၉-၇၃၀၄၆၂၀(ဦးစိုင်းလှကျော်

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly