နေပြည်တော် စတင်ဘာလ ၁၀ ။ ။ ကရင်ပြည်သူပါတီဥက္ကဋ္ဌ စောထွန်းအောင်မြင့်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါဟောပြောတင်ပြချက်အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
''အားလုံးမင်္ဂလာပါ''
ကျွန်တော်ကတော့ ကရင်ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ စောထွန်းအောင်မြင့်ဖြစ်ပါတယ်။ ကရင်အမည်ကတော့ စောဆာတူဝေါ ဖြစ်ပါတယ်။ ယခုလိုပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ စကားပြောဆိုခွင့်ရရှိတဲ့ အတွက် လုပ်သားပြည်သူအားလုံးနှင့်စီစဉ်ပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များကိုပါ အထူးကျေးဇူးတင်ပါတယ်။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါလို့ မေတ္တာပို့သအပ်ပါတယ်။
ကျွန်တော်တို့ ပါတီရဲ့ အမည်ဖြစ်ဖြစ်တဲ့(ကရင်ပြည်သူ့ပါတီ)ရဲ့ အဓိပ္ပာယ်ကိုစတင်ရှင်းလင်းပါမယ်။ ကရင်ပြည်သူ့ပါတီကို ကရင်အမျိုးသားများကဦးဆောင် သာကြောင့် ကရင်ပြည်သူပါတီ ဟုခေါ်သော်လည်း အားလးုံ သောပြည်ထောင်စုတိုင်းရင်းသား လုပ်သားပြည်သူလူထုအားလုံးကို ကိုယ်စား ပြုတဲ့အနေဖြင့် ပြည်သူ(Peoples)ဆိုတဲ့ ဝေါဟာရကို ထည့်ထားပါတယ်။ပြည်သူ (Peoples) ဆိုတဲ့ ဝေါဟာရဟာ နိုင်ငံရေးအဘိဓာန်မှာပဲ ရှိတယ်။
အောက်ခြေလူတန်းစား၊ သာမန်ပြည်သူများ၊ တစ်ရွာတည်းနေ တစ်ရေတည်းသောက် ပြည်သူအများစုကို ကိုယ်စားပြုသူများဟု အဓိပူ္ပာယ်ရပါတယ်။ဒါကြောင့် ကျွန်တော်တို့ပါတီဟာ ကရင်သာမကဘဲ လူမျိုးပေါင်းစုံဖြစ်တဲ့ပြည်သူများပါဝင်နိုင်ကြောင်း ပဏာမပြောကြားလိုပါတယ်။ အမြင်ကျဉ်းမြောင်းသော လူမျိုးစုအမြင်မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးပါဝင်ကြောင်းရှင်းလင်းပြောကြားလိုပါတယ်။ တိုင်းရင်းသားလုပ်သားပြည်သူအားလုံး ပါဝင်နိုင်ပြီး ပါတီမှလည်း ဝင်ရောက်ရွေးချယ်ခံနိုင်ပါတယ်။
ကရင်ပြည်သူ့ပါတီကိုဖွဲ့စည်းပြီး ဘာကြောင့် ရွေးကောက်ပွဲဝင်သလဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါရှိတဲ့ ကရင်တစ်မျိုးသားလုံးအတွက် ရရှိသင့်တဲ့၊ ရရှိထိုက်သော အခွင့်အလမ်း Speace နဲ့ နေရာ Platform ကိုယူပြီး ကိုယ်စားပြုပြောဆိုနိုင်ရန်နှင့် ကရင်အမျိုးသားအပါအဝင်ဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးအတွက် အကျိုးပြုနိုင်ရန် ဖြစ်ပါတယ်။
ကျွန်တော်တို့ ကရင်ပြည်သူ့ပါတီရဲ့ သဘောထားခံယူချက်ကတော့တိုင်းပြည်အေးချမ်းသာယာမှ တိုင်းပြည်စီးပွားရေး ကောင်းမွန်လာအောင်ဆောင်ရွက်နိုင်မယ်။ ဒါမှ တစ်ဦးချင်းလူနေမှုအဆင့် ကောင်းမွန် လာပြီးတစ်တိုင်းပြည်လုံး ခေတ်မီဇွံ့ဖြိုးတက်လျက် အိမ်နီးချင်းနိုင်ငံများနှင့်ရင်ပေါင်တန်းနိုင်မယ်လို့မြင်ပါတယ်။
နိုင်ငံရေးအမြင်ကတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ တစ်ဆင့်ပြီးတစ်ဆင့် ထိန်းသိမ်းသွားရမှာပါပဲ။ တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ စိတ်ရှည်လက်ရှည်သည်းခံညှိနှိုင်းပြီး အသွင်ကူးပြောင်းရမယ့်ဖြစ် စဉ်လို့ပဲ ထင်ပါတယ်။ဆန္ဒစောပြီးလုပ်ဆောင်ရင် တိုင်းပြည်နစ်နာသွားစရာ အကြောင်းရှိနိုင်ပါတယ်။
စီးပွားရေးအမြင်ကတော့ ဈေးကွက်စီးပွားရေးပီပီပြင်ပြင် အချုပ်ချယ်မရှိ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမူများကိုလည်းကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ဆောင်ရွက်လျှင် တိုင်းပြည် ပိုမိုတိုးတက်ချောင်လည်လာမည်ဟု ထင်မြင်ပါတယ်။
ပညာရေးအမြင်ကတော့ လူတိုင်း၊ကလေးတိုင်း ပညာသင်ကြားနိုင်ရေးနှင့်အလုပ်အကိုင်ရရှိရေးကို အထောက်အကူပြုတဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖော်သင့်ပါတယ်။ တိုင်းရင်းသားလူနည်းစု များကိုလည်း မိမိဘာသာစာပေများကို လွတ်လပ်စွာ သင်ကြားခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။ပြည်ထောင်စုကြီးဟာ တိုင်းရင်းသားတွေနဲ့ဖွဲ့စည်းနေတာ အရှိဖြစ်တဲ့အတွက်ဤအရှိဖြစ်စဉ်ကို လက်ခံပြီး မတူကွဲပြားမှုများကနေပြီး စည်းလုံးညီညွတ်မှုရရှိနိုင်မယ့် နည်းလမ်းကို ရှာဖွေဖော်ထုတ်သင့်ပါတယ်။
ကျန်းမာရေးအမြင်ကတော့ အောက်ခြေပြည်သူလူထုအတွက် အကုန်အကျသက်သာသောဆေးဝါးကုသစနစ် အကောင်အထည်ဖော်သင့်ပါတယ်။တစ်နည်းအားဖြင့် ပညာရေး၊ ကျန်းမာရေးအသုံးစရိတ်ကို ပိုမိုတိုးမြှင့်ခွဲဝေပေးသင့်ပါတယ်။ ပညာရေးနဲ့ကျန်း မာရေးက ပြည်သူလူထုအတွက် အကောင်းဆုံး အရင်းအနှီးဆိုတဲ့ အမြင်ရရှိမှသာလျှင် တိုးတက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
လူမှုရေးအမြင်ကတော့ စိတ်ရင်းစေတနာကောင်းဖြင့် ဖွဲ့စည်းသောအဖွဲ့များကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပြုပြီး အားပေးကူညီ ပံ့ပိုးသင့်တယ်လို့ထင်ပါတယ်။
တိုင်းရင်းသားရေးအမြင်ကတော့ ပြည်ထောင်စုတိုင်းရင်းသားအားလုံးဟာ စည်းလုံးညီညွတ်မှုရရှိပါမှ တိုင်းပြည်ဖွံဖြိုးတိုးတက်မည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုအပြည့်အ၀ ရရှိစေရန်အတွက် သဘောထားကြီးကြီးထားပြီး နည်းမျိုးစြုံဖင့် မရမနေ ကြိုးစားဆောင်ရွက်သွားရမယ်လို့ မြင်ပါတယ်။
တစ်မျိုးသားလုံး ပြန်လည်စည်းလုံးညီညွတ်ရေးအမြင်ကတော့ ALL inclusive တစ်မျိုးသားလုံးဆွေးနွေးညှိနိုင်းတိုင်ပင်မှု လမ်းကြောင်းမှသည်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အပြီးတိုင် အောင်မြင်ပြီးဆုံး သည်အထိ စိတ်ရှည်သည်းခံစွာဖြင့် ပြုလုပ်သွားရမှာပဲ ဖြစ်ပါတယ်။
အခြားပါတီများပေါ်သဘောထားအနေဖြင့် အခြားသော ကရင်ပါတီများနှင့် သော်လည်းကောင်း၊ အခြားပါတီမှ ကရင်အမျိုးသားများနှင့်သော်လည်းကောင်းဦးတည်ချက်ချင်းတူလျှင် လက်တွဲဆောင်ရွက် သွားပါမယ်။ မည်သည့်ပါတီနှင့်မဆိုအခြေခံသဘောထား တူညီလျှင်လက်တွဲဆောင်ရွက်ကြမည် ဖြစ်ပါတယ်။
ကရင်ပြည်သူ့ပါတီရဲ့ရွေးချယ်မူလမ်းကြောင်းကတော့ ပြည်သူများအတွက် အကျိုးရှိမယ်ဆိုလျှင် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲမထားဘဲ လုပ်ကိုင်ဆောင်ရွက်သွားပါမယ်။ အရှိကိုအရှိတိုင်းရှုမြင်သုံးသပ်ပြီး တိုင်းပြည် ၏ရေရှည်အကျိုးကိုသာ အဓိကထားရပ်တည်ဆောင်ရွက်မည်ဖြစ်ပါတယ်။
လက်ရှိ ရွေးချယ်တင်မြှောက်ပွဲအပေါ် ချမှတ်သော ဦးတည်ချက်ကတော့ ကရင်တိုင်းရင်းသားအရေးကို လုပ်ဆောင်နိုင်မယ့် တိုင်းရင်းသားလူမျိုးလွှတ်တော်ကို အဓိကထားပါမယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကို အင်အားရှိသရွေ့ ဝင်ရောက်အရွေးခံပါမယ်။ ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နိုင်မယ့်တိုင်းဒေသကြီးလွှတ်တော်ကို ဒုတိယဦးစားပေး ဝင်ရောက်ယှဉ်ပြိုင်ပါမယ်။ ဒါကြောင့် ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်များမှာ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်ယခင်- ၅ နေရာ ယခု ၅ နေရာ၊ တိုင်းဒေသကြီး။
ပြည်နယ်လွှတ်တော် ယခင်- ၄နေရာ ယခု ၆၆ နေရာ
အမျိုးသားလွှတ်တော် ယခင်-၅ နေရာ ယခု ၂၂ နေရာ
ပြည်သူ့လွှတ်တော် ယခင်-၇ နေရာ ယခု ၂၆ နေရာ
စုစုပေါင်းလွှတ်တော် ၁၁၉ နေရာကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ပြည်သူလူထုကို နောက်ဆုံးပြောကြားလိုတာကတော့ ရွေးကောက်ပွဲနေ့ကြီးကို စိတ်ရှည်သည်းခံခြင်း အပြည့်အဝဖြင့်စောင့်ဆိုင်း ပြီး မိမိကိုယ်တိုင်ပိုင်ဆိုင်တဲ့ အသည်းကြားကမဲတစ်ပြားနဲ့ မိမိစိတ်ကြိုက်ခေါင်းဆောင်ကိုရွေးချယ်မဲပေးကြပါ။ ရွေးကောက်ပွဲကြီးက အမှန်တကယ် ဖြစ်ပေါ်လာပြီဖြစ်တဲ့အတွက် မဲမပေးဘဲနေတာက ဘာမှ အပြောင်းအလဲတစ်ရပ်ဖြစ်မလာနိုင်ပါဘူး။ မိမိမဲတစ်ပြားအပါအဝင် ပြည်သူအားလုံးရဲ့ မဲများနဲ့ ပါတီစုံဒီမိုကရေစီစနစ်သို့ အပြောင်းလဲတစ်ခုဖြစ်ပေါ်စေရန် ဝိုင်းဝန်းလုပ်ဆောင်ကြ ပါစို့လို့နိဂုံးချုပ်ပြောကြား လိုပါတယ်။
ကျွန်တော်ကတော့ ကရင်ပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှုးတာဝန်ထမ်းဆောင်တဲ့ ဦးစောစေးဝါး ဖြစ်ပါတယ်။ အခုလိုပြည်သူလုထုနှင့်တိုက်ရိုက်တွေ့ဆုံပြောကြားခွင့်ရတဲ့အတွက် အထူးကျေးဇူး တင်ရှိပါတယ်။ပြည်သူလူထုအပေါင်း မင်္ဂူလာအပေါင်းနှင့်အတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေလို့ ဆန္ဒပြုပါတယ်။
ကျွန်တော့် ဥက္ကဋ္ဌကြီးက ပါတီရဲ့ မူဝါဒ၊ လမ်းစဉ်နှင့် ရပ်တည်ချက်တွေကိုပြောကြားပြီး ဖြစ်တဲ့အတွက် ကျွန်တော့်အနေဖြင့် ပြည်သူလုထု၊ အထူးသဖြင့်ကရင်ပြည်သူလူထုအတွင်းမှာ ရှင်းရှင်းလင်းလင်း မသိသေးတဲ့ အကြောင်း အချက်အလက်အချို့ကို ပြောကြားလိုပါတယ်။
ပထမဦးဆုံးကိစ္စကတော့ ပင်စင်စားဝန်းထမ်းဘဝကနေပြီးတော့ နိုင်ငံရေးလောကထဲ ဘာဖြစ်လို့ ဝင်လာသလဲဆိုတာကို ပြောကြားလိုပါတယ်။ တိုတိုနဲ့ လိုရင်းကို ပြောရရင် ဘဝနေဝင်ချိန်၊ ဘဝနိဂုံး အပိုင်းမှာ လူငယ်မျိုးဆက်သစ် တွေအတွက် ကိုယ်တတ်သမျှ မှတ်သမျှ ကိုယ်ရရှိပြုစုပျိုးထောင်လာခဲ့တဲ့ အတွေ့အကြုံပေါ်မှာမူတည်ပြီးအကောင်းဆုံးအမွေတစ်ခုထားခဲ့လိုခြင်းပဲဖြစ်ပါတယ်။
ဖွဲ့စည်းပုံရှိသော ပြည်သူအစိုးရသို့ ပြောင်းလဲမှုအစဉ်မှာကိုယ်တတ်စွမ်းသမျှ ပါဝင်ခြင်းပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တိုင်းပြုပြည်ပြု အခန်းကဏ္ဍမှာပါဝင်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဝန်ထမ်း အငြိမ်းစား ဘဝကလာသူမို့နိုင်ငံရေးသမားတော့ ပီပီပြင်ပြင်မဖြစ်နိုင်ဘဲတိုင်းပြုပြည်ပြုပုဂ္ဂိုလ်(ှStatesman) သာ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။
ဥက္ကဋ္ဌကြီးပြောတ့ဲ ကရင်လူမျိုးအတွက်၊ ပြည်သူလူထုအတွက် Platform & Space ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ အဓိကတိုင်းရင်းသားလူမျိုးဗမာအပါအဝင် ရှစ်ဖွဲ့ရှိရာမှာ ဒီတိုင်းရင်းသားမဏ္ဍိူုင်ရှစ်တိုင်မှာ ကရင်တိုင်းရင်းသားမဏ္ဍိုင်မှာ ခိုင်ခိုင်ခံ့ခံ့ရှိစေချင်တယ်။ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်ဖို့ အကျိုးပြုလုပ်ငန်းလုပ်ခြင်းပါပဲ။
ကျွန်တော်တို့ဟာ တပ်က ၊ပြည်သူ့ရဲက၊ ဝန်ထမ်းကလာတဲ့ ပုဂ္ဂိုလ်တွေဖြစ်သော်လည်း ယခုအခါ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူတွေဖြစ်နေပြီဖြစ်တဲ့အတွက် ပြည်သူရဲ့ဆန္ဒသဘောထားကို ခြုံမိငုံမိဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒကို လွှတ်တော်ဆန္ဒဖြစ်ဖို့ပါဝင်လာခြင်းဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် လွတ်လပ်ရေးရရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၄၇ ခုနှစ်နှင့် ၁၉၇၄ ခုနှစ်တို့ ရေးဆွဲကျင့်သုံးခဲ့ပြီး ဖြစ်ပါတယ်။ ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြဋ္ဌာန်းပြီး ကျင့်သုံးဆောင်ရွက်နေလျက်ရှိပါတယ်။ ယခင်က ၁၉၄၇ ခုနှစ်၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မြန်မာနိုင်ငံရှိ လူနည်းစုအခွင့်အရေးကို ပြဋ္ဌာန်းထားခြင်းမရှိပါ။ ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေံဥပဒေပုဒ်မ (၁၆၁) ၍သာလူနည်းစုအခွင့်အရေးပြဋ္ဌာန်းချက် ပါရှိပါတယ်။
ကရင်လူမျိုးတို့သည် မြန်မာနိုင်ငံတွင် ပြန့်ကျဲစွာ နေထိုင်ကြပါတယ်။ကရင်လူမျိုးတို့သည် အမျိုးသားနိုင်ငံရေးအမြင် နိုးကြားမှုမှာလည်း အလွန်ပင်အားနည်းနေပါတယ်။ ကရင်လူမျိုးတို့၏ တိုးတက်ဖွံ့ဖြိုးုးရေး ရည်မှန်းချက်မှာလည်းပျောက်ကွယ်နေပါတယ်။ သို့ပါ၍ ကရင်ပြည်သူ့ပါတီသည် အောက်ပါအချက်(၃)ချက်ကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
(၁) ကရင်လူမျိုးတို့၏ ပြန့်ကျဲနေမူကို ပြန်လည်ကောက်သင်းကောက်စုစည်းရေး၊ (၂) ကရင်လူမျိုးတို့နှင့်တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အမျိုးသားနိုင်ငံရေးအမြင်ရှင်သန်ရေး၊ (၃) ကရင်လူမျိုးတို့နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လူနေမှုဘ၀ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရေးဖြစ်ပါတယ်။
ကရင်တိုင်းရင်းသားကိုယ်စားလှယ် ငါးဦးကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှာ တစ်ဦးစီရရှိပါတယ်။ ကရင်ရေးရာကိစ္စ ကိုဆောင်ရွက်မည့်ကိုယ်စားလှယ်ဟာ အမှန်တကယ် ကရင်လူထုအများစုကို ကိုယ်စားပြုဆောင်ရွက်မယ့်သူဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားပါတီမှ ကရင်ကိုယ်စားလှယ်သာလျှင် ကရင်အမျိုးသား ကိစ္စကို ပီပီပြင်ပြင်ဆောင်ရွက် နိုင်မယ်လို့ပဲ ကရင်လူထုကို ပြောလိုပါတယ်။
လွတ်လပ်ပြီးမျှတသော free and fair election ဟာ အမှန်တကယ်လိုအပ်ပါတယ်။ ပြည်သူတွေဟာ မိမိဆန္ဒကို ဘယ်ပယောဂမှ မပါဘဲဖော်ထုတ်နိုင်မှသာလျှင် ပြည်သူအစိုးရပုံစံသို့ ပီပီပြင်ပြင်ပြောင်းလဲနိုင်မှာ
ဖြစ်ပါတယ်။ free and fair election ဟာ ဤရွေးချယ်တင်မြှောက်ပွဲရဲ့အသက်ဖြစ်သလို အများပြည်သူရဲ့ဆန္ဒအမှန်ကို ဖော်ထုတ်ပြသခွင့်ရပါမှ အနာဂါတ်ရဲ့ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေး ကိုရှေးရှုနိုင် မှာဖြစ်ပါတယ်။
ကျွန်တော်တို့ ကရင်ပြည်သူ့ပါတီဟာ ပြည်မတွင် မကပါဘူး၊ ကရင်ပြည်နယ်မှာလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ ကရင်ပြည်သူ့ပါတီသည် ကရင်လူမျိုးများနှင့်တကွ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏အရေးကို လက်လှမ်းမီသရွေ့ လုပ်ဆောင်ပေးခဲ့ပါတယ်။ တိုင်းရင်းသားလုပ်သားပြည်သူလူထုအတွက်နဲ့ ကရင်လူထုအတွက် အချိန်ခါနဲ့အခြေနေပေါ်မူတည်ပြီး ခံယူချက်တူ၊ အမြင်တူ၊ ခံယူချက်တူတဲ့ ပါတီများနဲ့ညှိနိုင်းပြီး အကောင်းဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်းကတိပေးပါတယ်။
ကျွန်တော်တို့ကရင်ပြည်သူ့ပါတီဟာ ယခင်ရွေးကောက်တင်မြှောက်ပွဲမှာ ကိုယ်စားလှယ် ၄၁ ဦးသာ ဝင်ရောက်နိုင်ပါတယ်။ ယခုရွေးကောက်တင်မြှောက်ပွဲမှာ ၁၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အရေတွက်
နည်းသောလည်း ပြည်သူလူထုအကျိုးကို အမှန်တကယ် လုပ်ဆောင်ပေးမယ့်ပုဂ္ဂိုလ်များဖြစ်တဲ့အတွက် ပြည်သူလူထုကက တစ်ခဲနက်ထောက်ခံအားပေးဖို့ မေတ္တာရပ်ခံပါတယ်။ကရင်ပြည်သူ့ပါတီဟာ စဉ်ဆက်မပြတ် ပြည်သူလူထုအကျိုးကိုနည်း မျိုးစုံကြိုးပမ်းဆောင်ရွက်နေမယ်ဖြစ်ပြီး ကရင်များအပါအဝင်ပြည်သူလုထုတစ်ရပ်လုံးအကျိုးကို ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားနိုင်ဖို့ သန္ဒိဋ္ဌာန် ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ပြည်သူများရဲ့မေတ္တာကိုခံယူပါတယ်။
ကျေးဇူးတင်ပါတယ်။ ။
ကရင်ပြည်သူ့ပါတီ
၁။ | ပါတီအမည် | - | ကရင်ပြည်သူ့ပါတီ |
၂။ | ပါတီအမည်(English) | - | Kayin People Party (KPP) |
၃။ | ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့ | - | ၃၁.၃.၂၀၁၀ |
၄။ | လာရောက်လျှောက်ထားစဉ်ပါတီအင်အား | - | ၁၆ ဦး |
၅။ |
လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် |
- | ဦးထွန်းအောင်မြင့် ၊ဦးစောစေးဝါး(ထွေ/မှုး) |
၆။ | ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့ | - | ၂၉.၄.၂၀၁၀ |
၇။ | ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့ | - | ၁၂.၅.၂၀၁၀ |
၈။ | ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့ | - | ၂၁.၅.၂၀၁၀ |
၉။ | ခွင့်ပြုသည့်ပါတီအမှတ်စဉ် | - | အမှတ်စဉ်(၉) |
၁၀။ | ခွင့်ပြု့သည့်ပါတိအလံ | - | |
၁၁။ | ခွင့်ပြု့သည့် ပါတီတံဆိပ် | - | |
၁၂။ | ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း | - | ဦးထွန်းအောင်မြင့် ၊ဦးစောစေးဝါး(ထွေ/မှုး) |
၁၃။ | ပါတီနယ်မြေ | - | ပြည်ထောင်စုတစ်ဝန်းလုံး |
၁၄။ | ပါတီ ရုံးချုပ်တည်နေရာ | - |
အမှတ်(၆၃၂)၊ဃ/၁၆၊အာဇာနည်လမ်း၊အမှတ်(၄)လမ်းမဆုံ၊ ရပ်ကွက်(၅)၊ရွှေပြည်သညာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
၁၅။ | ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ် | - | ၀၉-၅၁၈၀၁၆၄၊ ၀၁-၆၁၁၆၁၂ |
၁၆။ | ပါတီ၏ မူဝါဒလမ်းစဉ်များ | - | PDFDownload |