ပါတီ၊ အမှတ်တံဆိပ် အရေးမကြီး ဘယ်သူနဲ့မဆို ပူးပေါင်းနိုင်တယ်လို့ သူရ ဦးရွှေမန်း မဲဆွယ်

ပါတီ၊ အမှတ်တံဆိပ် အရေးမကြီး ဘယ်သူနဲ့မဆို ပူးပေါင်းနိုင်တယ်လို့ သူရ ဦးရွှေမန်း မဲဆွယ်

 ပဲခူးတိုင်း ဖြူးမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း သူရဦးရွှေမန်းက ပဲခူးတိုင်း ဖြူးမြို့နယ် ဇေယျဝတီမြို့တွင် စက်တင်ဘာ ၁၁ ရက်က မဲဆွယ်ရာတွင် ဘယ်သူနဲ့မဆို ပူးပေါင်းမယ်လို့ ပြောဆိုသွား ပါတယ်။

ဘယ်တံဆိပ်ပဲတပ်တပ် နိုင်ငံနဲ့ နိုင်ငံသား အကျိုးကို မဆောင်ရွက်နိုင်တဲ့ ပါတီ၊ အဲ့ဒီလူပုဂ္ဂိုလ်ဟာ တကယ်တမ်းကျတော့ ဘယ်လို ပုဂ္ဂိုလ်မျိုး ဖြစ်မလဲဆိုတာ စဉ်းစားကြည့်ပေါ့။ ကျနော့်အနေနဲ့ ကတော့ နိုင်ငံနဲ့ နိုင်ငံသား အခွင့်အရေး အမှန်တကယ်ရရှိအောင် နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွားအတွက် ဖြစ်ထွန်းနိုင်မယ်ဆိုရင် မည်သည့် ပုဂ္ဂိုလ် မည်သည့်ပါတီ မည်သည့် အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ ကျနော့် မူဝါဒ ဖြစ်ပါတယ်။ (ရိုက်ကူး - ဦးလွင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly