ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးမဲဆွယ်စည်းရုံးရေး ကယားပြည်နယ်နှင့် စဖွင့့်််

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးမဲဆွယ်စည်းရုံးရေး ကယားပြည်နယ်နှင့် စဖွင့့်််

စက်တင်ဘာ ၁၀ ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ် အဖြစ် ကယားပြည်နယ်သို့ ယနေ့ စက်တင်ဘာ ၁၀တွင် စတင်ထွက်ခွာသွားပြီဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဦးက မဇ္ဈိမသို့ ပြောသည်။

''ကျွန်တော်တော့မလိုက်ဖြစ်ဘူး၊ လိုက်နေကျ ဒေါက်တာမေဝင်းမြင့်တို့တော့ပါလိမ့်မယ်။ မြို့နယ် အားလုံးသွားဖို့တော့ သိပ်မသေချာသေးဘူး။'' ဟု ၎င်းကပြောသည်။

မဲဆွယ်စည်းရုံးခွင့်စတင်ရသည့် စက်တင်ဘာ ၈ ရက်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး မဲဆွယ်ခရီးစဉ်ဖြစ်ပြီး ဒေသခံ NLD ပါတီဝင်များနှင့်အတူ စည်းရုံး ဟောပြောမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကယားပြည်နယ်အတွင်း ပြည်သူ့လွှတ်တော် ၇ နေရာ၊ ပြည်နယ် လွှတ်တော် ၁၄ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ တိုင်းရင်းသားလွှတ်တော် ၁ နေရာ စုစုပေါင်း (၃၄) နေရာ ဝင်ပြိုင်မည်ဖြစ်သည်။

လက်ရှိ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသည် ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် ရှားတောမြို့နယ် မဲဆန္ဒနယ် အမှတ် (၇) မှ တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်မည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်မှပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးအောင်ကျော်စိုးလည်း အမျိုးသားလွှတ်တော်အတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly