ရွေးကောက်ပွဲတွင် မီဒီယာများကို စောင့်ကြည့်မည်

ရွေးကောက်ပွဲတွင် မီဒီယာများကို စောင့်ကြည့်မည်

ရန်ကုန်၊ စက်တင်ဘာ ၈ ။          ။ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မီဒီယာများ၏ ရေးသားထုတ်လွှင့်မှုများအပေါ် ဘက်မလိုက်ဘဲ တိကျမှန်ကန်မှု မည်မျှရှိသည်ကို စောင့်ကြည့်သွားမည်ဖြစ်ဟု Myanmar Institute for Democracy (MID) မှ စီမံကိန်း ညှိနှိုင်းရေးမှူး ကိုမျိုးမင်းဇော်က ပြောသည်။

ရုပ်မြင်သံကြားလိုင်း ၅ ခု၊ရေဒီယိုလိုင်း ၈ ခု၊ သတင်းစာ ၁၄ စောင်နှင့် အခြား အွန်လိုင်းမီဒီ ယာ ၃ ခုတွင်ဖော်ပြသည့် သတင်းနှင့် လက်ရှိဖြစ်စဉ်များ ဖော်ပြရာတွင် တိကျမှု၊ နိုင်ငံရေးအရ မတူ ကွဲပြားမှုများ ပါဝင်မှု စသည်တို့ကို ဓမ္မဓိဌာန်ကျကျ ခြုံငုံပြီး ပညာရှင်ဆန်သော သုံးသပ်ချက်များ ပေးနိုင်ရန် ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ စီမံကိန်းမှ ရှာဖွေတွေ့ရှိချက်များကို မည်သည်နိုင်ငံရေးပါတီ သို့မဟုတ် ကိုယ်စားလှယ် တစ်ဦး တစ်ယောက်ကိုမျှ ပံ့ပိုးပေးရန် မရည်ရွယ်ဘဲ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု တစ်လျှောက် မီဒီယာ အသိုင်းအဝိုင်းတစ်ခုလုံး၏ တည်ကြည်ဖြောင့်မတ်မှုကိုသာ အားကောင်းစေရန် ရည်ရွယ် ကြောင်း Democracy Reporting International (DRI) ၏ မီဒီယာစောင့်ကြည့် လေ့လာရေးဆိုင်ရာ ကျွမ်းကျင်သူ Rasto Kuzel က ပြောသည်။

“ထောက်ပရံရုံ သက်သက်ပါ။ ဝေဖန်ပြစ်တင်ချင်တာ၊ လက်ညှိုးထိုးချင်တာ၊ အရှက်ခွဲချင်တာ လုပ်ချင်လို့ မဟုတ်ပါဘူး” ဟု Rasto Kuzel က ဆိုသည်။

စောင့်ကြည့်လေ့လာရေး အစီရင်ခံစာကို ရွေးကောက်ပွဲမစမီ နှစ်ကြိမ်နှင့် ရွေးကောက်ပွဲပြီး နှစ်ကြိမ် ထုတ်ပြန်သွားမည်ဖြစ်ပြီး အဆိုပါ အစီရင်ခံစာ လေးစောင်လုံးကို စုစည်း၍ မီဒီယာ၊ အရပ်ဖက် လူမှုအဖွဲ့စည်း၊ နိုင်ငံရေးပါတီနှင့် နိုင်ငံတကာ အသိုင်းအဝိုင်ထံသို့လည်း ဖြန့်ချိသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags