လမ်းခရီးအခက်အခဲကြောင့် '၀' ဒေသ မဲဆွယ်စည်းရုံးရန် ခက်ခဲနေ

လမ်းခရီးအခက်အခဲကြောင့် '၀' ဒေသ မဲဆွယ်စည်းရုံးရန် ခက်ခဲနေ

မဇ္ဈိမ၊ စက်တင်ဘာ ၈ ။         ။ မဲဆွယ်စည်းရုံးရေးကာလ ရောက်လာသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် 'ဝ' ဒေသတွင် အောင်နိုင်ရေးစည်းရုံးမှုများ လုပ်ရန်ခက်ခဲနေသည်ဟု 'ဝ' အမျိုးသားစည်းလုံးညီညွတ်ရေး ပါတီဥက္ကဋ္ဌ ဦးညီပလုပ်က မဇ္ဈိမသို့ပြောသည်။

''မိုးရွာရင် ရွာတွေဆင်းလို့မရတော့ဘူး။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်။ ကျွန်တော်တို့ဒေသမှာ မဲဆွယ်စည်းရုံးရေးဆင်းဖို့ တော်တော်ခက်ခဲတယ်။'' ဟု ၎င်းကဆိုသည်။

ဒေသခံပြည်သူများနှင့် ယခင်ကပြုလုပ်ထားသော ရင်းနှီးမှုသာရှိပြီး အမြဲထိတွေ့ဆက်ဆံရန် မလွယ် ကြောင်း ဦးညီပလုပ်က ဆက်ပြောသည်။ 'ဝ' အမျိုးသားစည်းလုံး ညီညွတ်ရေးပါတီက အမျိုးသားလွတ်တော် ၁ နေရာ၊ ပြည်သူ့လွတ်တော် ၅ နေရာ၊ ပြည်နယ်လွတ်တော် ၁၀ နေရာ စုစုပေါင်း (၁၆) နေရာဝင်ပြိုင်မည်ဖြစ်သည်။

'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်၊ မက်မန်း၊ တန့်ယန်း၊ မိုင်းဆတ်နှင့် ကျိုင်းတုံမြို့နယ်များတွင် 'ဝ' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီအပြင် 'ဝ' ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly