နေပြည်တော် NLD ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင် ပြည်သူများထံ မိမိကိုယ်ကို အပ်နှံ

နေပြည်တော် NLD ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင် ပြည်သူများထံ မိမိကိုယ်ကို အပ်နှံ

နေပြည်တော်၊ စက်တင်ဘာ ၈ ။           ။ နေပြည်တော်ကောင်စီနေမြေ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၉)နေရာအတွက် ယှဉ်ပြိုင်မည့်  NLD မှ အမတ်လောင်းက ၎င်းတို့ကိုမ ဲဆန္ဒရှင်ပြည်သူ များကခိုင်းနိုင်ဖို့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲတွင်နိုင်ဖို့ လိုကြောင်း ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးမှုတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်ဖို့လိုပါတယ်။ အဲ့ဒါကြောင့် ခိုင်းနိုင်အောင် မဲပေးကြပါ ” ဟု ဦးမောင်မောင်ဆွက ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးမှု တွင် ပြောကြားခဲ့သည်။

အဆိုပါ မဲဆွယ်စည်းရုံးမှုတွင် လိုက်ပါလာသည့် NLD ကိုယ်စားပြု ယှဉ်ပြိုင်မည့် ဥတ္တရသီမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဦးကျော်မင်းလှိုင်လည်း ပါဝင်သည်။

သူက “ ကျွန်တော့်ကိုယ် ယုံကြည်ကြည်နဲ့ခိုင်းပါ။ ကျွန်တော်ကိုယ်ကျွန်တော်လည်း အပ်ပါတယ်။ ဥတ္တရသီ မြို့နယ်အတွက် ကျွန်တော် တတ်နိုင်သလောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ မြို့နယ်အတွင်းမှာ ရှိတဲ့ လိုအပ်ချက် အားလုံးကိုလည်းပဲ ဒီကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီးတော့မှ စွမ်းစွမ်းတမံကြိုး စားပါ့မယ်” ဟု ကတိပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူတစ်ရပ်လုံး အတွက် ကိုယ်စိတ်နှစ်ပါး လွတ်လပ်မှု၊ ဘဝအာမခံချက်ရှိသည့် ဒီမိုကရေစီ နိုင်ငံထူထောင်ရန် ကြိုးစားနေ ကြောင်းနှင့် ပြည်သူအားလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းကြရန်လည်း ပြည်သူလွှတ်တော်ကိုယ် စားလှယ်လောင်းက ဦးကျော်မင်းလှိုင်က တိုက်တွန်းခဲ့သည်။

လူထုအတွက် တစ်ကယ် အကျိုးပြုမယ့် အစိုးရကို ရွေးချယ်ပေးလို့ ရနေပါပြီ။ လူထု စွမ်းစွမ်းတမံ တစ်ကယ် အလုပ် လုပ်နေတဲ့အမေ ဒေါ်အောင်ဆန်းဆုကြည် ဦးဆောင်တဲ့ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကို မဲပေးပါ” ဟု ဆိုသည်။

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်ထံမှ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်ကို ဦးကျော်မင်းလှိုင် ရရှိပြီး ဖြစ်ကြောင်းလည်း ဦးကျော်မင်းလှိုင်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးမောင်ဝင်းကပြောသည်။                                                                                   

ကော်မရှင်ခွင့်ပြုချက်အရ အမျိုးသား ဒီမိုကရေစီကိုယ်စားပြု ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးကျော်မင်းလှိုင်သည် သူ၏မဲဆန္ဒနယ်များဖြစ်သည့် တောင်ညိုကျေးရွာအုပ်စု၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဇလောင်းကျေးရွာအုပ်စု များတွင် မဲဆွယ်စည်းရုံး သွားမည်ဖြစ်ကြောင်း ဦးမောင်ဝင်းကပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ဥတ္တသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ပြည်ခိုင်ဖြိုး ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့အပြင် နေပြည်တော် ကောင်စီနယ်မြေ အမျိုးသားလွှတ်တော်     အမှတ် (၉)အတွက်လည်း ပြည် ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသား စည်းလုံးညွတ်ရေးပါတီ၊ တစ်သီပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးသန်းဌေးတို့နှင့် ယှဉ် ပြိုင်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags