ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းအတွင်း စတင်မဲဆွယ်တော့မည်

ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းအတွင်း စတင်မဲဆွယ်တော့မည်

ရန်ကုန်၊ စက်တင်ဘာ ၈ ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထူးထူးခြားခြား မဲဆွယ်မည်မဟုတ်ကြောင်း ရန်ကုန်တိုင်း ပါတီအတွင်းရေးမှူး ဦးသာဝင်းက မဇ္ဈိမသို့ ပြောသည်။

မြို့နယ်အလိုက် အောင်နိုင်ရေးအဖွဲ့များမှတဆင့် သက်ဆိုင်ရာခွင့်ပြုမိန့်များ တောင်းခံရဦးမည်ဖြစ်သောကြောင့် တစ်ပါတ်ခန့်ကြာမှ အဆင်ပြေပြေ မဲဆွယ်နိုင်မည်ဟု ၎င်းကဆိုသည်။

''မြို့နယ်တိုင်းမှာ အောင်နိုင်ရေးအဖွဲ့တွေဖွ့ဲထားတယ်။ မြို့နယ်အလိုက်တော့ ဒီနေ့စတင်မဲဆွယ်မယ်။ ထူးထူးခြားခြားကြီး မဲဆွယ်မှာတော့ မဟုတ်ဘူး။ ခွင့်ပြုချက်တွေ တောင်းရအုံးမယ်။'' ဟု ၎င်းကပြောကြားသည်။

သတ်မှတ်နေရာတွင်ဟောပြောခြင်း၊ လက်ကမ်းစာစောင်ဝေခြင်း၊ လှုံ့ဆော်သီချင်းဖွင့်ခြင်း၊ ကြော်ငြာဆိုင်းဘုတ်ထောင်ခြင်း တို့သာပြုလုပ်မည်ဟုဆိုသည်။

လူထုဟောပြောပွဲ ပြုလုပ်မည်ဆိုလျင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၁၅ ရက် ကြိုတင်စာတင်ရမည်။ ကြော်ငြာဆိုင်းဘုတ်ထောင်မည်ဆိုလျင် စည်ပင်သို့ ကြိုတင် စာတင်ရမည်ဟု သိရသည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ဝင်ပြိုင်မည့်သူများအနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ယနေ့ စက်တင်ဘာ ၈ ရက်နေ့မှ စတင်နိုင်ပြီဖြစ်ပြီး နိုဝင်ဘာ ၆ ရက်ထိ စုစုပေါင်း ရက်ပေါင်း ၆၀ ရထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly