ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ်များအတွက် ပါတီစုံမှ ကိုယ်စားလှယ်လောင်း ၅၀၃ ဦး အမည်စာရင်းသွင်း

ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ်များအတွက် ပါတီစုံမှ ကိုယ်စားလှယ်လောင်း ၅၀၃ ဦး အမည်စာရင်းသွင်း

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည် အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၊ ၂၆ မြို့နယ်တွင် လွှတ်တော်သုံးရပ်နှင့် တိုင်းရင်းသားရေးဝန်ကြီး နှစ်နေရာအတွက် ၇ ပါတီ နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် စုစုပေါင်း ၅၀၃ ဦး ဝင်ရောက်ရွေးခံမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

တိုင်းဒေသကြီး ၂၆ မြို့နယ် တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ၁၅၂ ဦး၊ အမျိုးသား လွှတ်တော်တွင် ၆၁ ဦးနှင့် တိုင်းဒေသကြီး လွှတ်တော် အမှတ် ၁ နှင့် ၂ တွင် ၂၉၀ ဦးတို့ ကိုယ်စား လှယ်အဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။

အမျိုးသားလွှတ် တော်အတွက် ကိုယ်စားလှယ်လောင်း ၁၂ ဦး၊ ပြည်သူလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၂၆ ဦးနှင့် တိုင်းဒေသကြီးကိုယ်စားလှယ် ၅၂ ဦး ရွေးချယ်ခံရမည်ဖြစ်သည်။

"ကျွန်တော်တို့ဆီ တင်တဲ့ ကိုယ်စားလှယ်တွေမှာ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံဖြိုးတိုးတက်ရေးပါတီကနေ ဟင်္သာတမြို့ နယ်ကတင်တဲ့ ကိုယ်စားလှယ်တစ်ယောက်ပဲ အသက်မပြည့်လို့ ပယ်လိုက်တယ်၊ ကျန်တာကိုတော့ ပြည်ထောင်စု ကော်မရှင် ဆက်ပို့ထားတယ်၊ ပယ်တာ အသက်မပြည့်လို့ပါ" ဟု တိုင်းကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

"ပြည်ထောင်စု ကော်မရှင်က အတည်ပြုပြီး ပြန်ပို့လာရင် ပုံစံ-၁၀ နဲ့ ကြေညာပြီး ရပ်ကျေးတွေအထိ ပို့ဖို့ အဆင့်သင့် လုပ်ထားတယ်" ဟုလည်း ပြောသည်။

ဧရာဝတီတိုင် းဒေသကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ကရင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသား တိုးတက်မြင့်မားရေးပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထိုအထဲတွင် အမျိုးသမီး လွှတ်တော်အမတ်လောင်း ၄၆ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly