လူပျို၊ အပျိုဘဝကို ဘယ်အချိန်မှာ ဆုံးရှုံးခံသင့်သလဲ

လူပျို၊ အပျိုဘဝကို ဘယ်အချိန်မှာ ဆုံးရှုံးခံသင့်သလဲ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

လူအတော်များများက အပျိုစင်ဘဝကို ဆုံးရှုံးဖို့ မှန်ကန်တဲ့အချိန်ဟာ လက်ထပ်တဲ့ ညလို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီအချိန်အထိစောင့်ဖို့ဟာ မလွယ်ကူမှန်း သိကြပြီး ဖြစ်မှာပါ။ အထူးသဖြင့် သင့်သူငယ်ချင်းက သူ (သို့) သူမ ချစ်သူနဲ့ လိင်ဆက်ဆံတဲ့ အတွေ့အကြုံဟာ ဘယ်လောက်ကောင်းကြောင်း ဆက်တိုက်ပြောနေခဲ့ရင်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တန်ဖိုးရှိတဲ့ ပအပျိုစင်ဘဝဟာ သင်တွေ့လာမယ့်ချစ်သူ (သို့) သင်ကိုယ်အတိုင်အတွက် ထိန်းသိမ်းထားသင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။

အဖြေကတော့ သင့်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်တွေနဲ့ ဘာသာ တရားပေါ်မှာ မူတည်ပါတယ်။ မိဘတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေဟာ သူတို့အချင်းချင်းဆက်ဆံမှုမှာ ပွင့်လင်းရိုးသားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လူငယ်တွေ ရင့်ကျင့်လာပြီး ချစ်သူနဲ့ စတင်ချိန်းတွေ့ချိန်တွေမှာ ဖြစ်ပါတယ်။

လိင်ဆက်ဆံမှု အစပြုတဲ့ အသက်အရွယ်ရယ်လို့ အတိအကျ မရှိပါဘူး။ လူအချို့က သူတို့ချစ်တဲ့သူတွေ့တဲ့ အထိ (သို့) လက်ထက်ပီးတဲ့အထိ (သို့) အခြေကျတဲ့အထိ စောင့်တတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ရွေးချယ်မှု တစ်ခုသာ ဖြစ်ပြီး ဒီလိုရွေးချယ်မှုကတော့ အသဲကွဲခြင်းနဲ့ မလိုလားအပ်ပဲ ကိုယ်ဝန်ရခြင်း၊ လိင်မှ တစ်ဆင့်ကူးစက်ရောဂါ ရရှိခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ လူတိုင်းလုပ်နိုင်ပြီး ဘာမှ ကြီးကြီး ကျယ်ကျယ် မဟုတ်ပါဘူး။ အထူးသဖြင့် လူတွေဟာ သင့်ရဲ့ ဆုံးဖြတ်ချက်ကို လှောင်ပြောင်ကြပြီး သင်အဆင်သင့် မဖြစ်ခင် လိင်ဆက်ဆံဖို့ တွန်းအားပေးမယ်ဆိုရင် ဒါဟာ social suicide လိုမျိုး ခံစားရစေပါတယ်။ ဒါတွေဟာ နေ့စဉ် ကျောင်းမှာ၊ ရုပ်ရှင်ရုံမှာ ပန်းခြံမှာ နေရာတိုင်းမှာ တွေ့မြင်နေရတဲ့ အမှန်တရားတွေပဲ ဖြစ်ပါတယ်။

ဒါဆို လိင်ဆက်ဆံဖို့ အဆင်သင့်ဖြစ်ပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။

ပထမဦးစွာ နောက်ပိုင်းမှာ ဖြစ်လာမယ့် ဆိုးကျိုးတွေကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။ ဥပမာ လိင်မှ တစ်ဆင့် ကူးစက်ရောဂါတွေ၊ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်းတွေ ဖြစ်ပြီး အခြား ထည့်သွင်း စဉ်းစားသင့်တဲ့ အရာတွေလဲရှိပါသေးတယ်။ ဥပမာ သင့်ရဲ့ ပထမ အတွေ့အကြုံတွေဟာ သာယာနာပျော်ဖွယ် မဖြစ်ရင် ဒါဟာ သင့်ဘဝတစ်လျှောက် လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေအတွက် မကောင်းတဲ့ အစွန်းအထင်း ဖြစ်သွားမှာပါ။ သင်အဆင်သင့် ဖြစ်တဲ့ အထိ စောင့်ဆိုင်းပြီး သင်ချစ်တဲ့သူနဲ့ တစ်ယောက်တည်းကိုသာ လိင်ဆက်ဆံခြင်းဟာ ပိုမိုကောင်းမွန်တဲ့ ဘဝအတွေ့အကြုံတွေ ရရှိဖို့ အခွင့်အလမ်းများပါတယ်။

နောက်တစ်ချက်ကတော့ လိင်ပိုင်းဆိုင်ရာ ဆန္ဒတွေ၊ စိတ်ကူးယဉ်ခြင်းတွေဟာ ပုံမှန်သာ ဖြစ်ပါတယ်။ ဒါဟာ ဒီခံစားမှုတွေကို ထုတ်လွှတ်ပေးဖို့ ပထမ နည်းလမ်းဖြစ်ပါတယ်။ လိင်အာသာဖြေခြင်းဟာ လိင်ပိုင်းဆိုင်ရာ တင်းကျပ်မှုတွေကို လျော့ကစေပြီး သင့်ကိုယ်ခန္ဓာနဲ့ တုန့်ပြန်ပုံတွေအကြောင်းကို ပိုမိုသိရှိစေပါတယ်။ လိင်အာသာဖြေခြင်းဟာ ပုံမှန် အပြုအမူ တစ်ခုသာ ဖြစ်တာကြောင့် မရှက်သင့်ပါဘူး။

တတိယအနေနဲ့ လိင်ဆက်ဆံဖို့ အချိန်ကို ပြောင်းလဲဖို့ မလိုအပ်ပါဘူး။ ဒီ့အစား သူ (သို့) သူမကို နှိပ်နယ်ပေးခြင်း၊ ရေတူတူချိုးခြင်း၊ လိင်အာသာဖြေခြင်း၊ လက်ဖြင့် လိင်ဆက်ဆံခြင်းတွေ   ပြုုလုပ်ပေးနိုင်ပါတယ်။ ဒါဟာ လိင်မှ တစ်ဆင့်ကူးစက်ရောဂါ ပိုးတွေ၊ ကိုယ်ဝန် ရရှိခြင်းတွေ မဖြစ်စေပဲ တစ်ယောက်နဲ့ တစ်ယောက် အနီးစပ်ဆုံးသိရှိနိုင်တဲ့ နည်းတွေ ဖြစ်ပါတယ်။ အမှန်တကယ် လိင်ဆက်ဆံမှုကို ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ရင်ဆိုင်နိုင်ချိန်အထိ စောင့်ဆိုင်းသင့်ပါတယ်။

နောက်တစ်ချက်ကတော့ သင့်လိုပဲ သင့်ချစ်သူဟာ တူညီတဲ့ မျှော်လင့်ချက်တွေ၊ အတွေးအခေါ်တွေ ရှိမယ်လို့ မမျှော်လင့်ပါနဲ့။ သူ (သို့) သူမနဲ့ တစ်သက်လုံးအတူနေဖို့ သေချာပြီလား။ ဒါဟာ သင့်အပျိုစင်ဘဝကို အဆုံးရှုံးခံဖို့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ဒါကို မသေချာရင် လိင်ဆက်ဆံခြင်း မပြုသင့်ပါဘူး။

နောက်ဆုံးအနေနဲ့ကတော့ အတင်းတွေဟာ အတင်းတွေသာ ဖြစ်မှာပါ။ သင့်သူငယ်ချင်းဟာ သူလူကြီးဖြစ်ပြီဆိုတာ ဖေါ်ပြဖို့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေကို ဇာချဲ့ပြောနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ သင်ဟာ ကျန်းမာပျော်ရွှင်နေဖို့ ထိုက်တန်တာကြောင့် လိင်ဆက်ဆံမှုကို အလောတကြီး မပြုလုပ်လိုက်ပါနဲ့။ သင့်မှာ အတွေ့အကြုံအသစ်တွေကို ရှာဖွေဖို့ အခြားအရာတွေ ရှိပါသေးတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly