မွန်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်း လွှတ်တာ်ဥက္ကဌတို့ကိစ္စ နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ တင်ပြထား

မွန်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်း လွှတ်တာ်ဥက္ကဌတို့ကိစ္စ နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ တင်ပြထား

နေပြည်တော်(ဇန်နဝါရီ ရရက်၊ ၂၀၁၇ခုနှစ်)။ ။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဌ ဦးခင်မောင်အေးတို့အား အရေးယူပေးရန် တိုင်စားများရောက်ရှိလာမှုအပေါ် ပါတီက အဖွဲ့ဖွဲ့စစ်ဆေးပြီးနောက် တွေ့ရှိချက်အစီရင်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ တင်ပြထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုလိုက်သည်။

“ဝန်ကြီးချုပ်ကိစ္စက ခန့်ခြင်း၊ ဖြုတ်ခြင်းဆိုတာ သမ္မတနဲ့ ဆိုင်တာကိုး။ အစီရင်ခံစာကတော့ အပေါ်တင်လိုက်ပြီ။ နိုင်ငံတော်အတိုင်ပင်ခံရုံးလည်း တင်လိုက်ပြီ။ သူတို့ ဆုံးဖြတ်လိမ့်မယ်”

“တနင်္သာရီတိုင်းကိစ္စလည်း ခုန မွန်ပြည်နယ်ဝန်ကြီးချုပ်လိုပဲ။ တနင်္လာရီတိုင်းကိစ္စကတော့ ဦးဝင်းမြင့် ဒီညနေသွားလိမ့်မယ်။ သေချာအောင်သွားပြီး မေးလိမ့်မယ်” ဟု ဦးဝင်းထိန်က ပြောသည်။

နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာအတွင်းရှိ ယူနီစံ ကဖီးတွင် ဇန်နဝါရီ ရရက်က ပြုလုပ်သော ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးအပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ဦးဝင်းထိန်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တိုင်စာများအပေါ် မှန်ကန်မှု ရှိ/မရှိ စုံစမ်းစစ်ဆေးနိုင်ရန် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးဉာဏ်ဝင်းက “အဖြေမထွက်သေးဘူး။ ခနလေးစောင့်ပါ။ ထွက်မှာပါ။ ဒီနေ့ဆွေးနွေးတာ ပါတယ်” ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly