KIA/ TNLA/ MNDAA မှ ဖမ်းဆီးခဲ့သည့် တိုးဂိတ်ဝန်ထမ်း သုံးဦးအနက် တစ်ဦးသေ၊ တစ်ဦးပျောက်ဆုံး၊ တစ်ဦးလွတ်မြောက်လာ

KIA/ TNLA/ MNDAA မှ ဖမ်းဆီးခဲ့သည့် တိုးဂိတ်ဝန်ထမ်း သုံးဦးအနက် တစ်ဦးသေ၊ တစ်ဦးပျောက်ဆုံး၊ တစ်ဦးလွတ်မြောက်လာ

ရန်ကုန်၊ နို၀င်ဘာ ၃၀ ။            ။ KIA/TNLA/MNDAA ပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၂၁ ရက်က ဖမ်းဆီးခဲ့သည့် အောရီယမ်တယ်လ် ဟိုင်းဝေးတိုးဂိတ်မှ ၀န်ထမ်းသုံးဦးအနက် တစ်ဦးသေဆုံး၊ တစ်ဦးပြန်လွှတ်လာပြီးတစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

 “ တစ်ယောက်က မနေ့က အလောင်းပြန်တွေ့တယ် တစ်ယောက်ကတော့ ပျောက်နေဆဲ တစ်ယောက်က လွှတ်လာတယ် ။ သူက သေချင်ယောင်ဆောင်ပြီးတော့မှ ထုပြီး ရိုက်ပြီးခံ ထိပြီးတော့မှ မနက်ကရွာရောက်တော့ အခုတော့ ကြောင်တောင်တောင်နဲ့ မန္တလေးမှာလို့သိရတယ် “ ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာန ဦးစီးအရာရှိ ဦးဇော်မင်းက ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly