တေးသံရှင်အသစ် ထူးထက်အောင်၏ " နတ်ပြည်သို့ အလည်တစ်ခေါက် " တေးစီးရီး အယ်လ်ဘမ်

တေးသံရှင်အသစ် ထူးထက်အောင်၏ " နတ်ပြည်သို့ အလည်တစ်ခေါက် " တေးစီးရီး အယ်လ်ဘမ်

ရန်ကုန်၊နိုဝင်ဘာ ၈ ။              ။ တေးသံရှင်အသစ် ထူးထက်အောင်၏ နတ်ပြည်သို့ အလည်တစ်ခေါက် အမည်ရှိ Audio CD တေးစီးရီး အယ်လ်ဘမ် စာနယ်ဇင်းမိတ်ဆက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင်   Orchid Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။   

 အဆိုပါ တေးစီးရီးတွင် သီချင်းအပုဒ်ပေါင်း (၉)ပုဒ်ပါဝင်ပြီး သီချင်းအမျိုးအစားများမှာ ပေါ့ပ်နှင့် အာအမ်ပီ အမျိုးအစား တို့ ပါဝင်သည်။                                                                              

တေးသံရှင် ထူးထက်အောင်က "ကျွန်တော် ဒီခွေကို ၈ လလောက် အချိန်ယူပြီးကြိုးစားထားပါတယ်၊ ကျွန်တော်ရေး ထား တဲ့ သီချင်းတွေထဲက အကြိုက်ဆုံး သီချင်းကိုးပုဒ်ကိုရွေးပြီး ထုတ်ဖြစ်တာပါ၊   နောက်ပြီး ဒီသီချင်းခေါင်းစဉ်လေး ပေးဖြစ်တာက ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ အကုန်လုံးနဲ့ အတူတူ အလည်သွားချင်တဲ့ ပုံစံမျိုးလေး နဲ့ အသစ်အဆန်းလေး ဖြစ်အောင် ဒီလို title   လေးပေးဖြစ်တာပါ " ဟု ဆိုသည်။

ကိုယ်ပိုင်သံစဉ် သီချင်းများဖြစ်ပြီး ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုထားကြောင်း ထူးထက်အောင်က ဆိုသည်။

ထူးထက်အောင်၏ Audio CD တေးစီးရီးအယ်လ်ဘမ်ကို နိုဝင်ဘာ ၂၆ ရက်နေ့တွင်  Dagon Center II  ၌ promotion အစီအစဉ်နှင့်အတူ အမှတ်တရ လက်မှတ်ရေးထိုးပြီး ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly