ကာလရှည် လက်တွဲလုပ်ဆောင်ခဲ့သော အေဂျင်စီနဲ့ လက်တွဲဖြုတ်ပြီး ပြိုင်ဘက် အေဂျင်စီနဲ့ လက်မှတ်ရေးထိုးလိုက်တဲ့ ဂျွန်နီဒပ်

ကာလရှည် လက်တွဲလုပ်ဆောင်ခဲ့သော အေဂျင်စီနဲ့ လက်တွဲဖြုတ်ပြီး ပြိုင်ဘက် အေဂျင်စီနဲ့ လက်မှတ်ရေးထိုးလိုက်တဲ့ ဂျွန်နီဒပ်

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၂၉ ။               ။ “The Pirates of the Caribbean” မင်းသားကြီး ဂျွန်နီဒပ်သည် ၁၉၉၈ ခုနှစ်မှစ၍ လက်တွဲလုပ်ဆောင်ခဲ့သော  United Talent (UTA) အေဂျင်စီ နှင့် လက်တွဲဖြုတ်ပြီး UTA အေဂျင်စီ၏ ပြိုင်ဘက်ဖြစ်သော  Creative Artists အေဂျင်စီ နှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း အေဂျင်စီက သတင်းထုတ်ပြန်သည်။

ဂျွန်နီဒပ်သည် ရုပ်မြင်သံကြားဇာတ်လမ်းတွဲ  “21 Jump Street”  နှင့် အောင်မြင်မှုရရှိပြီးနောက် ၁၉၉၈ ခုနှစ်တွင်  UTA အေဂျင်စီ နှင့် လက်မှတ်ရေးထိုးခဲ့သည်။

ဂျွန်နီဒပ်သည် ၎င်းပါဝင် သရုပ်ဆောင်ထားသော ရုပ်ရှင်ကားများ အောင်မြင်မှု မရရှိခဲ့ခြင်း နှင့် ဇနီးသည် အမ်မာဟာ့ဒ်နှင့် ကွာရှင်းပြတ်စဲပြီးနောက် ပြိုင်ဘက်အေဂျင်စီ နှင့် လက်မှတ်ရေးထိုးမှု ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အမ်မာဟာ့ဒ်သည် ဂျွန်နီဒပ်ကို အိမ်တွင်းအကြမ်းဖက်မှုဖြင့် စွဲချက်တင်ခဲ့ပြီးနောက် ၎င်းတို့ နှစ်ဦးသည် အမေရိကန်ဒေါ်လာ ခုနစ်သန်းဖြင့် ကျေအေးခဲ့ကြောင်း Deadline တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ ဂျွန်နီနဲ့ နှစ်သုံးဆယ်လောက် အလုပ်တွဲလုပ်ခဲ့တာပါ။ သူ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”ဟု  UTA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။  “Edward Scissorhands” ၊ “Blow Pirates of the Caribbean” ၊ “Alice Throught the Looking Glass”  နှင့် “Black Mass”  ရုပ်ရှင်ကားတို့ အပါအဝင် ဒပ်ပါဝင် သရုပ်ဆောင်ထားသော ရုပ်ရှင်ကားများသည် ကမ္ဘာတစ်ဝန်းရှိ ရုံတင်ပြသ ငွေစာရင်းတွင် အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော် ရရှိခဲ့သည်။

ဂျွန်နီဒပ်၏ “The Pirates of the Caribbean” ရုပ်ရှင်ကားများသည် ကမ္ဘာတစ်ဝန်းရှိ ရုံတင်ပြသငွေစာရင်းတွင် အမေရိကန်ဒေါ်လာ ၃ဒသမ၇ ဘီလျံကျော်ရရှိခဲ့ကြောင်း နှင့် ဒပ်သည် အော်စကာဆု သုံးဆု ရရှိခဲ့ပြီး  ၂၀၀၈ ခုနှစ်က ၎င်းပါဝင် သရုပ်ဆောင်ထားသော “Sweeney Todd: The Demon Barber of Fleet Street” ရုပ်ရှင်ကားဖြင့် ရွှေကမ္ဘာလုံးဆု ရရှိခဲ့သည်။

ဒပ်သည် Universal ထုတ်လုပ်ရေး၏ “The Invisible Man” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ပြီး “Murder on the Orient Express” နှင့် “Labyrinth” ဇာတ်ကားတို့တွင်လည်း ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly