မက်ခ်ဂျက်ဂါ လည်ချောင်းနာရောဂါ ခံစားနေရလို့ လက်စ်ဗီးဂက်စ်ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရတဲ့ The Rolling Stones အဖွဲ့

မက်ခ်ဂျက်ဂါ လည်ချောင်းနာရောဂါ ခံစားနေရလို့ လက်စ်ဗီးဂက်စ်ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရတဲ့ The Rolling Stones အဖွဲ့

လက်စ်ဗီးဂက်စ် ၊ အောက်တိုဘာ ၁၉ ။             ။ ဗြိတိန်ရော့ခ်အဆိုတော်အဖွဲ့ The Rolling Stone အဖွဲ့သည် အဖွဲ့ဝင် မက်ခ်ဂျက်ဂါ လည်ချောင်းနာရောဂါ ခံစားနေရသောကြောင့်  အောက်တိုဘာ ၁၉ ရက်က လက်စ်ဗီးဂက်စ်မြို့ T-Mobile အားကစားကွင်း၌ ကျင်းပပြုလုပ်မည့်  ဖျော်ဖြေပွဲကို  ဖျက်သိမ်းခဲ့သည်။

“ လက်စ်ဗီးဂက်စ်မှာ ပြုလုပ်မယ့် အောက်တိုဘာ ၁၉ ရက် ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ရလို့ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ဆိုးရွားလှတဲ့ လည်ချောင်းနာရောဂါကို ခံစားနေရပါတယ်။ လက်မှတ်ဝယ်ထားတဲ့ လူတိုင်းကို ကျွန်တော် တောင်းပန်ပါတယ်” ဟု ဂျက်ဂါက တွစ်တာစာမျက်နှာတွင် ပြောကြားထားသည်။

The Rolling Stone အဖွဲ့ အနေဖြင့် အောက်တိုဘာ ၂၂ ရက်တွင် လက်စ်ဗီးဂက်စ်မြို့၌ ကျင်းပမည့် ဖျော်ဖြေပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဖြစ်သည်။ The Rolling Stone အဖွဲ့၏   တေးအယ်လ်ဘမ်သစ် “Blue & Lonesome” ကို ဒီဇင်ဘာ ၂ ရက်တွင် ဖြန့်ချိသွားမည်ဖြစ်သည်။ အဆိုပါ တေးအယ်လ်ဘမ်သစ်သည် ဆယ်စုနှစ် တစ်ခုကျော်အတွင်း The Rolling Stone အဖွဲ့၏ ပထမဆုံး တေးအယ်လ်ဘမ် ဖြစ်သည်။

The Rolling Stone အဖွဲ့သည် မကြာသေးမီက ကာလီဖိုးနီးယားပြည်နယ် အင်ဒီအိုမြို့တွင် ဖျော်ဖြေပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly