“Captain Planet” စူပါဟီးရိုးရုပ်ရှင်ကားကို ထုတ်လုပ်သွားမယ့် လီယိုနာဒို

“Captain Planet” စူပါဟီးရိုးရုပ်ရှင်ကားကို ထုတ်လုပ်သွားမယ့် လီယိုနာဒို

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၁၉ ။                        ။ ဟောလိဝုဒ်မင်းသားကြီး လီယိုနာဒိုသည်  “ Captain Planet” စူပါဟီးရိုး ရုပ်ရှင်ကားကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၄၁ နှစ်အရွယ်ရှိ လီယိုနာဒိုသည် Paramount Pictures ကုမ္ပဏီ နှင့် ၎င်း၏ Appian Way Productions ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတို့နှင့်ပူးပေါင်းကာ “ Captain Planet” ရုပ်ရှင်ကားကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း  The Hollywood Reporter တွင် ဖော်ပြထားသည်။

“ Captain Planet” ရုပ်ရှင်ကားသည် ၁၉၉၀ ပြည့်လွန်နှစ်က မီဒီယာလောက၏ အထင်ကရပုဂ္ဂိုလ် စီးပွားရေးသမား တက်ဒ်တာနာ ဖန်တီးရိုက်ကူးထားသော အလားတူနာမည် ရုပ်မြင်သံကြား ကာတွန်းဇာတ်လမ်းတွဲများအကြောင်းကို အခြေခံ ရိုက်ကူးသွားမည်ဖြစ်သည်။

“Captain Planet” ဇာတ်ကားသည်  ၁၉၉၀ ပြည့်လွန်နှစ် စက်တင်ဘာလမှ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလအထိ ပြသခဲ့သော အန်နီမေးရှင်း ရုပ်သံအစီစဉ်တစ်ခုဖြစ်သည်။ “Captain Planet” ဇာတ်ကားသည် သဘာဝတရားများကို ထိန်းချုပ်နိုင်သည့် စွမ်းအားရှိသည့် မှော်လက်စွပ်များပေးပို့ခံရသော လူငယ် ငါးဦးအကြောင်းကို အဓိကထား ရိုက်ကူးထားသည်။

လူငယ်ငါးဦးသည် ၎င်းတို့၏ စွမ်းအားများကို ပေါင်းစပ်လိုက်သည့်အခါ ၎င်းတို့၏စွမ်းအား အားလုံးကို ပိုင်ဆိုင်သည့်  Captain Planet ဟုခေါ်သော စူပါဟီးရိုးကို ဆင့်ခေါ်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့် အရာများကို တိုက်ဖျက်ရာတွင် အကူညီပေးနိုင်သည်။

ယင်းဇာတ်ကားသည် စူပါဟီးရိုး နှင့် လူငယ်ငါးဦးတို့က  လေထုညစ်ညမ်းမှု နှင့် အခြားသော ခြိမ်းခြောက်မှုများမှ  ကမ္ဘာကြီးကို ကာကွယ်ပေးသည့် အကြောင်းကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားခြင်းဖြစ်သည်။

ယင်းဇာတ်ကြောင်းသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများကို ဆောင်ရွက်သူတစ်ဦးဟု လူသိများနေသော လီယိုနာဒိုအတွက် အဆင်ပြေပုံရသည်။ လီယိုနာဒိုသည် ဇာတ်ညွန်းရေးရန်အတွက် ဂျိုနိုမက် နှင့်   Scream Queens မင်းသား ဂလန်ပိုဝဲလ်ကို မျက်စိကျလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly