တေးသီချင်း အယ်လ်ဘမ်သစ်ကို ခင်ပွန်းဟောင်း မက်စ်အန်သိုနီနှင့် ပူးပေါင်း လုပ်ဆောင်သွားမယ့် ဂျေလို

တေးသီချင်း အယ်လ်ဘမ်သစ်ကို ခင်ပွန်းဟောင်း မက်စ်အန်သိုနီနှင့် ပူးပေါင်း လုပ်ဆောင်သွားမယ့် ဂျေလို

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၈ ။              ။ ကမ္ဘာကျော် အဆိုတော် ဂျနီဖာလိုပက်ဇ်သည် လာမည့်နှစ်တွင် ထွက်ရှိမည့် ၎င်း၏ နဝမမြောက် စတူဒီယို တေးအယ်လ်ဘမ်ကို ခင်ပွန်းဟောင်းဖြစ်သူ မက်စ်အန်သိုနီနှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၄၇ နှစ်အရွယ်ရှိ အဆိုတော် ဂျေလိုသည် စပိန်ဘာသာဖြင့် ဖြန့်ချိမည့် တေးအယ်လ်ဘမ်သစ်ကို  အန်သိုနီ ၊ Sony Music Latin ၊ နှင့် အန်သိုနီ၏ Magnus Media ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း  E! Newsတွင် ဖော်ပြထားသည်။ မက်စ်အန်သိုနီသည် တေးအယ်လ်ဘမ် ထုတ်လုပ်သူအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘေလ်ဘုတ်တွင် ဖော်ပြထားသည်။

 “ ကျွန်မ  တေးအယ်လ်ဘမ်သစ်အတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ တေးအယ်လ်ဘမ်ကို မက်စ်အန်သိုနီ ၊  Sony နဲ့ Magnus မိသားစုတွေနဲ့ လုပ်ရမယ်ဆိုတော့ စိတ်လှုပ်ရှားမိပါတယ်”  ဟု    ဂျေလိုက အစီရင်ခံစာတွင် ရေးသားထားသည်။

“ ဂျေလိုဟာ အနုပညာလောကမှာ အောင်မြင်မှုများ ရရှိထားသူ တစ်ဦးဖြစ်တယ်။ ကမ္ဘာတစ်ဝန်းမှာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို သိရှိအောင် ကိုယ်စားပြု ဆောင်ရွက်ပေးတယ်။ သူမရဲ့   တေးဂီပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို အသိမှတ်ပြု ခံထားရတဲ့သူ တစ်ဦးဖြစ်တယ်။သူမဟာ ကမ္ဘာ့အနုပညာ လောကမှာလည်း နေရာတစ်နေရာ ရရှိထားသူဖြစ်တယ် ”ဟု အန်သိုနီက အစီရင်ခံစာတွင်   ရေးသားထားသည်။

၂၀၀၇ ခုနှစ်က “Como Ama una Mujer” ပွဲဦးထွက် စပိန် တေးအယ်လ်ဘမ် ထွက်ရှိပြီးချိန်မှစ၍ တေးအယ်လ်ဘမ်သစ်သည် ဂျေလို၏ ပထမဆုံး စပိန်ဘာသာ   တေးအယ်လ်ဘမ်ဖြစ်သည်။   တေးအယ်လ်ဘမ်သစ်မှ ပထမဆုံး တစ်ကိုယ်တော် တေးသီချင်းကို နိုဝင်ဘာလတွင် ထုတ်လွှင့်ပေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly