ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် သတင်းစာရှင်းလင်းမည်

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် သတင်းစာရှင်းလင်းမည်
(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၆ရက်၊ ၂၀၁၆ခုနှစ်)။ ။ ဒုတိယအကြိမ် လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေးများ ပြီးဆုံးမည့် အောက်တိုဘာလ ၇ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်သည်။

နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦတစ်ခုဖြစ်သော ဇဗ္ဗူသီရိခန်းမဆောင်တွင် ကျင်းပပြုလုပ်သွားဖွယ်ရှိပြီး ကျင်းပပြုလုပ်မည့်အချိန်ကို ထပ်မံကြေငြာသွားမည်ဟု ပြည်သူ့လွှတ်တော်ရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒုတိယပုံမှန် လွှတ်တော်အစည်းအဝေးအတွင်း ဆောင်ရွက်ခဲ့သည့်ကိစ္စများအပါအဝင် မီဒီယာများ၏ မေးမြန်းချက်များကို ဦးဝင်းမြင့်က ပြန်လည်ရှင်းလင်း ဖြေကြားမည်ဖြစ်ပြီး တက်ရောက်သတင်းယူမည့် မီဒီယာများကိုလည်း ပြည်သူ့လွှတ်တော်ရုံးက စာရင်းကောက်ယူနေပြီဖြစ်သည်။

ဦးဝင်းမြင့်သည် ပြီးခဲ့သည့် ပထမပုံမှန်အစည်းအဝေးအပြီးတွင်လည်း သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly