“World of Dance” အကပြိုင်ပွဲတွင် ဒိုင်အဖြစ် ပါ၀င် ဆောင်ရွက်သွားမယ့် ဂျေလို

“World of Dance” အကပြိုင်ပွဲတွင် ဒိုင်အဖြစ် ပါ၀င် ဆောင်ရွက်သွားမယ့် ဂျေလို

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၃၀ ။                ။ သရုပ်ဆောင် အဆိုတော် ဂျနီဖာလိုပက်ဇ်သည်  “World of Dance” အကပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NBC ရုပ်သံက ကြေညာခဲ့သည်။

ဂျေလို၏  Nuyorican ထုတ်လုပ်ရေး နှင့်  Universal Television Alternative စတူဒီယိုက  အပိုင်း ၁၀ ပိုင်း ပါဝင်သော “World of Dance” အကပြိုင်ပွဲတွင် အက စွမ်းရည်များကို ပြသကြရန်  အကပညာရှင်များအား ဖိတ်ကြားခဲ့ကြောင်း နှင့် အနိုင်ရရှိသူသည် အမေရိကန်ဒေါ်လာ တစ်သန်း တန်ကြေးရှိ ကြီးကျယ်ခမ်းနားသောဆုကို ဆွတ်ခူးမည်ဖြစ်သည်။

“ကျွန်မက ကြိုးစားရုန်းကန်မှု ၊ စိတ်အားထက်သန်မှု ၊ စည်းကမ်းလိုက်နာမှု ၊ ယှဉ်ပြိုင်မှု နဲ့  တစ်ကိုယ်တော် အကစွမ်းရည်တွေကို သတ်မှတ်ပေးသွားမှာပါ။ ကျွန်မတို့က အကပညာရှင်တွေကို   မြေတောင်မြှောက်ပေးပြီး သူတို့ အောင်မြင်မှု ရရှိအောင် လမ်းညွှန်မှုတွေပေးတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တယ်။ အဲ့ဒါကြောင့် ပြိုင်ပွဲနဲ့ ပတ်သက်လို့  ကျွန်မ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်”ဟု ဂျေလိုက အစီရင်ခံစာတွင် ပြောကြားထားသည်။

“ ဒီပြိုင်ပွဲဟာ အကအသိုင်းအဝိုင်းရဲ့ အားသွန်ခွန်စိုက် ဆောင်ရွက်မှုနဲ့  အနုပညာကို ဂုဏ်ပြုချီးမြှင့် ဆင်နွှဲပေးမှု လိုအပ်နေတဲ့အပေါ် အဓိကထား လုပ်ဆောင်သွားမှာပါ။ ဒါထက်တော့ မပိုပါဘူး”ဟု ဂျေလိုက ပြောကြားခဲ့သည်။”  

ဂျေလိုဟာ နောက်ထပ် အဆင့်အတွက် ကျွန်တော်တို့ရဲ့ ရည်းမှန်းချက်တွေကို ဆောင်ရွက်ပေးသွားမယ့် ဒိုင်အဖြစ် ပါဝင်မှာဖြစ်ပါတယ်”ဟု  Universal Television Alternative စတူဒီယို ဥက္ကဌ မာရီဒစ်အဟာက ပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly