ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ နေပြည်တော်တွင် တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ နေပြည်တော်တွင် တွေ့ဆုံမည်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်)။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အဖွဲ့အစည်းများနှင့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)တွင် စက်တင်ဘာ ၂၈ရက်တွင် တွေ့ဆုံသွားမည်ဖြစ်သည်။

အမေရိကန်အစိုးရက စီပွားရေးပိတ်ဆို့အရေးယူများကို ဖြေလျှော့လိုက်သည့် အမေရိကန်ခရီးစဉ်အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမည့် တွေ့ဆုံပွဲတစ်ခုလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရသစ်သက်တမ်းသည် ငါးလခန့်ရှိလာပြီဖြစ်ပြီး အစိုးရက စီးပွားရေးမူဝါဒများကိုလည်း ချမှတ်ထားပြီးဖြစ်သည်။

စက်တင်ဘာ ၂၈ရက်တွင်ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲသို့ တက်ရောက်သတင်းရယူမည့် မီဒီယာများကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက အမည်စာရင်းတောင်းခံလျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly