မိုင်လေဆိုင်းရက်စ် ပါ၀င်သရုပ်ဆောင်ထားသော အမေရိကန် ဒါရိုက်တာ ၀ူဒီအဲလန်၏ Amazon ဇာတ်လမ်းတွဲ နမူနာ ပွဲဦးထွက်ပြသ

မိုင်လေဆိုင်းရက်စ် ပါ၀င်သရုပ်ဆောင်ထားသော အမေရိကန် ဒါရိုက်တာ ၀ူဒီအဲလန်၏ Amazon ဇာတ်လမ်းတွဲ နမူနာ ပွဲဦးထွက်ပြသ

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၁၅ ။       ။ နာမည်ကျော် အဆိုတော် မိုင်လေဆိုင်းရက်စ် ပါဝင်သရုပ်ဆောင်ထားသော အမေရိကန်ဒါရိုက်တာ ဝူဒီအဲလန်၏ Amazon ဇာတ်လမ်းတွဲ “ Crisis in Six Scenes” နမူနာ ဇာတ်ကားကို ပွဲဦးထွက်ပြသခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ Crisis in Six Scences” ဇာတ်ကားသည် ဆင်ခြေဖုံးရပ်ကွက်တွင် နေထိုင်သော ဇနီးမောင်နှံနှစ်ဦး၏ဘဝကို မျှော်လင့်မထားဘဲ အိမ်သို့လာရောက်သော ဧည့်သည်တစ်ဦးက ကမောက်ကမ   ဖြစ်အောင်လုပ်သည့် အကြောင်းကို ပုံဖော်ရိုက်ကူးထားသည်။

ခင်ပွန်းဖြစ်သူအဖြစ် အဲလန်က သရုပ်ဆောင်ထားပြီး ဇနီးသည်အဖြစ် အီလိန်းမေက သရုပ်ဆောင်ထားကာ ဇနီးမောင်နှံအိမ်သို့  လာရောက်လည်ပတ်သော ဧည့်သည်အဖြစ် မိုင်လေဆိုင်းရက်စ်က သရုပ်ဆောင်ထားသည်။

“ Crisis in Six Scenes” ဟာသဇာတ်ကား ပထမပိုင်း နှင့် နောက်ဆုံးအပိုင်းကို စက်တင်ဘာ ၃၀ရက်၌ Amazon Videoတွင် ပွဲဦးထွက် ပြသသွားမည်ဖြစ်သည်။ အဲလန်သည် ၎င်း၏ပထမဦးဆုံး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲကို ထုတ်လုပ်ရန် ၂၀၁၅ ဇန်နဝါရီလက  Amazon ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

ဆိုင်းရက်စ်သည် Disney ရုပ်သံလိုင်း ဇာတ်လမ်းတွဲ “Hannah Montana” ဖြင့်  ပရိတ်သတ်များ၏ အားပေးမှုကိုရရှိခဲ့သည်။ ဆိုင်းရက်စ်သည် “ Two and a Half Men” ဇာတ်ကား နှင့် “ The Night Before” ရုပ်ရှင်ကားတို့တွင်လည်း ပါဝင်သရုပ်ဆာင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly