ကျန်းမာရေးအခြေအနေအရ ဒုတိယသက်တမ်းအတွက် ဝင်မပြိုင်တော့ဟု သမ္မတဦးသိန်းစိန်ဆို

ကျန်းမာရေးအခြေအနေအရ ဒုတိယသက်တမ်းအတွက် ဝင်မပြိုင်တော့ဟု သမ္မတဦးသိန်းစိန်ဆို

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ ၈ တွင် ပြုလုပ်ရန်စီစဉ်ထားသော ပါလီမန်ရွေးကောက်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ဇူလိုင်၁၃ တွင် ပြောကြားခဲ့သည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။ 

ဆိုလိုသည်မှာ နိုင်ငံတော်အကြီးအကဲအဖြစ် ဒုတိယသက်တမ်းအတွက် ဝင်ရောက်မယှဉ်ပြိုင်ဟု အဓိပ္ပါယ်သက်ရောက် နေသည်။

"သမ္မတကြီးက သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် လာမည့်အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တဲ့အကြောင်း အာဏာရပြည်ခိုင်ဖြိုးပါတီရဲ့ဥက္ကဋ္ဌ ဦးရွှေမန်းဆီကို စာတစ်စောင်ပို့ခဲ့ပါတယ်"ဟု ၎င်းအရာရှိက ရိုက်တာသို့ပြောကြားခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags