ကြေးအမြင့်ဆုံး ဟစ်ဟော့ပ် အဆိုတော်အဖြစ် နှစ်နှစ်ဆက်တိုက် သတ်မှတ်ခံရတဲ့ ဒစ်ဒီ

ကြေးအမြင့်ဆုံး ဟစ်ဟော့ပ် အဆိုတော်အဖြစ် နှစ်နှစ်ဆက်တိုက် သတ်မှတ်ခံရတဲ့ ဒစ်ဒီ

နယူးယော့ခ် ၊ စက်တင်ဘာ ၉ ။                     ။ အမေရိကန် ဟစ်ဟော့ပ်အဆိုတော်  ရှန်းကုမ်းစ်သည် Forbes မဂ္ဂဇင်း၏ ကမ္ဘာ့ကြေး အမြင့်ဆုံး ဟစ်ဟော့ပ်အဆိုတော် စာရင်းတွင် နံပါတ် တစ်နေရာမှ ရပ်တည်လျက်ရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒစ်ဒီဟု လူသိများသော အဆိုတော် ရှန်းကုမ်းစ်သည် ဟစ်ဟော့ပ်ဘုရင် ဂျေဇီး နှင့် Dr.Dre တို့ကို ကျော်လွန်ကာ နံပါတ်တစ်နေရာမှ ရပ်တည်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့သော စာရင်းအရ ဒစ်ဒီသည် အမေရိကန်ဒေါ်လာ ၆၂ သန်းရရှိခဲ့ကာ ၂၀၁၆ ခုနှစ် ကြေးအမြင့်ဆုံး ဟစ်ဟော့ပ်အဆိုတော်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

ဒစ်ဒီသည် ပြီးခဲ့သည့်နှစ်ကလည်း  ခန့်မှန်ခြေအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၆၀ ဝင်ငွေရရှိကာ Forbes မဂ္ဂဇင်း၏ ကမ္ဘာ့ကြေး အမြင့်ဆုံး ဟစ်ဟော့ပ်အဆိုတော် စာရင်းတွင် နံပါတ်တစ်နေရာမှ ပါဝင်ခဲ့သည်။

ဂျေဇီးသည် ၂၀၁၆ ခုနှစ်တွင် ကမ္ဘာလှည့်ဖျော်ဖြေပွဲ သို့မဟုတ် တေးအယ်လ်ဘမ်သစ် ဖြန့်ချိခြင်း မရှိသော်ငြားလည်း အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၅ သန်းရရှိကာ ယခုနှစ် ကမ္ဘာ့ကြေး အမြင့်ဆုံး  ဟဟ်ဟော့ပ် အဆိုတော် စာရင်းတွင် နံပါတ် နှစ်နေရာမှ ရပ်တည်နေသည်။

အဆိုတော်  Dr. Dre သည် အမေရိကန် ဒေါ်လာ ၄၁သန်းရရှိကာ နံပါတ်သုံးနေရာတွင် ရပ်တည်နေပြီး ဒရေ့ခ်သည် အမေရိကန် ဒေါ်လာ ၃၈ဒသမ၅ သန်းဖြင့် နံပါတ်လေးနေရာ နှင့် ဝစ်ဇ်ခါလီဖာသည် အမေရိကန်ဒေါ်လာ ၂၄ သန်းဖြင့် နံပါတ်ငါးနေရာမှ ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags