ဆီးရီးယားဒုက္ခသည် စခန်းကို သွားရောက်ခဲ့တဲ့ မင်းသား အလန်ခမ်မင်း

ဆီးရီးယားဒုက္ခသည် စခန်းကို သွားရောက်ခဲ့တဲ့ မင်းသား အလန်ခမ်မင်း

ဘေရွတ် ၊ စက်တင်ဘာ ၅ ။                          ။ စကော့တလန် မင်းသား အလန်ခမ်မင်းသည် သီတင်းပတ်ကုန်က လက်ဘနွန်နိုင်ငံရှိ ဆီးရီးယားဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ ကျွန်တော် ဆီရီးယားဒုက္ခသည်တွေနဲ့  တွေ့ဖို့  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီနဲ့  လက်ဘနွန်သွားတဲ့ လမ်းမှာပါ”ဟု အလန်ခမ်မင်းက စက်တင်ဘာ၂ရက်က လူမှုရေးမီဒီယာပေါ်တွင်   ရေးသားခဲ့သည်။

“ သူကတော့ မိုဟာမက်ပါ။  သူတို့မိသားစုဟာ ဆီးရီးယားကနေ ထွက်ခွာလာပြီး  လက်ဘနွန်မြောက်ပိုင်းမှာရှိတဲ့ ယာယီတဲတွေမှာ နေထိုင်နေပါတယ်။ သူတို့မိသားစုကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ယာယီတဲအစီစဉ်က အကူညီပေးခဲ့ပါတယ်။ ယနေ့မှာတော့ savethechildren ရွေ့လျားစာကြည့်တိုက်က မိုဟာမက် နေထိုင်ရာနေရာကို လာရောက်တဲ့အခါ ကျွန်တော်တို့ ဒီဆင်ပုံလေးကို ရေးဆွဲခဲ့ပါတယ်။ဒီလိုအဖွဲ့အစည်းတွေ လာရောက်တဲ့အတွက် သူတို့ကို အကူညီဖြစ်စေပါတယ်”ဟု နှစ်ယောက်အတူ ရေးဆွဲထားသော ဆင်ပုံကိုကိုင်ကာ မိုဟာမက်နှင့်အတူ ရိုက်ထားသော  ဓာတ်ပုံအောက်တွင် အလန်ခမ်မင်းက ယခုကဲ့သို့ စာရေးသားထားသည်။

“ ဒီနေ့မှာတော့ ကျွန်တော် သူငယ်ချင်းတွေ အများကြီးရခဲ့တယ်။  ဒီကလေးတွေဟာ လဘနွန်မှာရှိတဲ့ ဒီယာယီတဲတွေမှာ နေထိုင်ကြရတယ်။ UNHCR က သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ၊ ပညာရေး နဲ့အခြေခံလိုအပ်ချက်တွေကို လုပ်ဆောင်ပေးတယ်။  ဒီတဲအိမ်တွေဟာ ကြာရှည်ခံခိုင်မှုရှိအောင် ဆောက်ထားတာမဟုတ်သလို ရေယိုစိမ့်မှု ရှိတာကိုလည်း ခင်ဗျားတို့ တွေ့ရမှာပါ။ ကလေးငယ်တွေ ဒီနှစ်ဆောင်းတွင်းမှာ လုံခြုံနွေးထွေးစွာ နေထိုင်နိုင်ဖို့ UNHCR ထံ လှူဒါန်းကြပါ  ” ဟု အလန်ခမ်မင်းက ၎င်း၏ဓာတ်ပုံနှင့်အတူ စာရေးသားပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly