ယူအက်စ်အိုပင်းပြိုင်ပွဲတွင် ဆီရီနာဝီလျံကို အားပေးခဲ့တဲ့ ဘီယွန်းစေး နဲ့ ဂျေဇီးတို့ ဇနီးမောင်နှံ

ယူအက်စ်အိုပင်းပြိုင်ပွဲတွင် ဆီရီနာဝီလျံကို အားပေးခဲ့တဲ့ ဘီယွန်းစေး နဲ့ ဂျေဇီးတို့ ဇနီးမောင်နှံ

နယူးယော့ခ် ၊ စက်တင်ဘာ ၂ ။              ။ ကမ္ဘာကျော် ဘီယွန်စေး နှင့် ဂျေဇီးတို့ ဇနီးမောင်နှံသည် စက်တင်ဘာ၁ရက်က ယူအက်စ်အိုပင်းပြိုင်ပွဲတွင် ၎င်းတို့၏သူငယ်ချင်းဖြစ်သူ တင်းနစ် ကြယ်ပွင့် ဆီရီနာဝီလျံကို အားပေးခဲ့ကြကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၃၄ နှစ် အရွယ်ရှိ ဘီယွန်စေး နှင့် အသက် ၄၅ နှစ်အရွယ်ရှိ ဂျေဇီးတို့ဇနီးမောင်နှံသည် နယူးယော့ခ်မြို့တွင် ကျင်းပပြုလုပ်သော ယူအက်စ်အိုပင်းတင်းနစ် တံခွန်စိုက်ပြိုင်ပွဲ ဝီလျံ နှင့် ဗာနီအာကင်တို့ ယှဉ်ပြိုင်ကစားသော ပွဲစဉ်ကို တတ်ရောက် အားပေးခဲ့ကြခြင်းဖြစ်သည်။

ဘီယွန်စေး နှင့် ဂျေဇီးတို့သည် ပွဲကြည့်စင်မှနေ၍  ဝီလျံကို အားပေးနေစဉ် နှစ်ယောက်လုံး ရယ်မောပျော်ရွှင်နေကြသည်။ အသက် ၃၄ နှစ်အရွယ်ရှိ ဝီလျံသည် ကင်ကို အနိုင်ရရှိခဲ့ပြီး မာတီနာ နာဗာရာတီလိုဗာ နှင့် အမှတ်တူနေသည်။

ဝီလျံသည် ဘီယွန်စေး၏ “Sorry” တေးသီချင်းဗီဒီယိုတွင် ပါဝင်ခဲ့ပြီး  မကြာသေးမီက  Delta လေကြောင်းကုမ္ပဏီအတွက် ၎င်း၏အကအလှများကို ထပ်မံပြသခဲ့သည်။ လေကြောင်းကုမ္ပဏီသည် ယခုသီတင်းပတ်က တင်းနစ်ကြယ်ပွင့် ဝီလျံ နှင့် အကပညာရှင် ဝေလ်ဒါဘက်စ်အဒမ်တို့ အကအလှများဖြင့် ပါဝင်သရုပ်ဆောင်ထားသော ကြော်ငြာကို ထုတ်လွှင့်ပြသခဲ့သည်။

ဘီယွန်စေး နှင့် ဂျေဇီးတို့သည်  သြဂုတ် ၂၈ရက်က ကျင်းပပြုလုပ်သော ၂၀၁၆ ခုနှစ် အမ်တီဗီတေးဂီတဗီဒီယိုဆုပေးပွဲကို အသက် လေးနှစ်အရွယ်ရှိ ၎င်းတို့၏သမီးဖြစ်သူနှင့်အတူ တတ်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly