ကောလဟာလသတင်းများထွက်နေသော ဂျက်စတင်ဘီဘာနှင့် ဆိုဖီယာရစ်ချီတို့နှစ်ဦးကို မက္ကဆီကိုတွင် အတူတွေ့ရှိ

ကောလဟာလသတင်းများထွက်နေသော ဂျက်စတင်ဘီဘာနှင့် ဆိုဖီယာရစ်ချီတို့နှစ်ဦးကို မက္ကဆီကိုတွင် အတူတွေ့ရှိ

လော့စ်အိန်ဂျလိစ် ၊  သြဂုတ် ၃၀ ။               ။ ကောလဟာလသတင်းများထွက်ပေါ်နေသော ဂျက်စတင်ဘီဘာ နှင့် မော်ဒယ် ဆိုဖီယာရစ်ချီတို့ နှစ်ဦးကို ယခုသီတင်းပတ်ကုန်က မက္ကဆီကိုတွင် အတူတွေ့ရှိခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၂၂ နှစ်အရွယ်ရှိ အဆိုတော် ဂျက်စတင်ဘီဘာ နှင့် သြဂုတ် ၂၄ရက်က အသက် ၁၈နှစ်ပြည့်ခဲ့သော မော်ဒယ် ရစ်ချီတို့သည် သြဂုတ် ၂၆ရက်က လော့စ်အိန်ဂျလိစ်မြို့မှ  ကာဘိုဆန်လူကက်စ်မြို့သို့ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် အတူထွက်ခွာခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ဂျက်စတင်ဘီဘာသည် ဆိုဖီယာမွေးနေ့ အတွက် ဟိုတယ်တွင် ဖယောင်းတိုင် နှင့် နှင်းဆီပွင့်ချပ်များကို အသုံးပြုကာ “love” စာသားကို ပုံဖော်ကာ ဆိုဖီယာကို အံ့သြသွားအောင် လုပ်ပေးခဲ့သည်။

ဘီဘာ နှင့် ဆိုဖီယာတို့သည် ယခုလက ပထမဆုံးအဆက်အသွယ်ရှိခဲ့ပြီး ယင်းနောက်ပိုင်းတွင် အချိန်တော်တော်များများ နှစ်ယောက်အတူကုန်ဆုံးခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း နှင့် ဘီဘာသည် သြဂုတ် ၂၄ရက်က ကျင်းပပြုလုပ်သော ဆိုဖီယာ၏ ၁၈နှစ်ပြည့်မွေးနေ့ကို တက်ရောက်ခဲ့သည်။

ဘီဘာသည်  ယခင်က ပြတ်လိုက်ဆက်လိုက်ဖြစ်နေသော အဆိုတော် ဆလီနာဂိုမက်ဇ် နှင့် ကာလရှည်တွဲခဲ့သူတစ်ဦးဖြစ်ပြီး ယင်းနောက်ပိုင်းတွင် မော်ဒယ် ဟေးလီဘော့ဒ်ဝင်းနှင့် တွဲခဲ့သည်။ ဘီဘာသည် မကြာသေးမီက လန်ဒန်သို့ အလည်ပတ်သွားရောက်စဉ် မော်ဒယ် ဘရွန်တီဘလာအမ်ပီ နှင့် အဆက်သွယ်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly