ရက်ပါ မက်စ်မီလ်လာနဲ့ တွဲခုတ်နေတဲ့ အမေရိကန်အဆိုတော် အာရီအာနာဂရန်းဒ်

ရက်ပါ မက်စ်မီလ်လာနဲ့ တွဲခုတ်နေတဲ့ အမေရိကန်အဆိုတော် အာရီအာနာဂရန်းဒ်

လော့စ်အိန်ဂျလိစ် ၊ သြဂုတ် ၂၄ ။                ။ အမေရိကန်အဆိုတော် အာရီအာနာဂရန်းဒ်ကို သြဂုတ် ၂၀ရက် ညနေက  အန်စီနိုဒေသ  Katsu-Ya စားသောက်ဆိုင်တွင် ရက်ပါမက်စ်မီလ်လာနှင့် အတူ တွေ့ရှိခဲ့ကြောင်း  TMZ သတင်းဌာနက သြဂုတ် ၂၃ရက်တွင် ထုတ်ပြန်ခဲ့သည်။

 ယခုသီတင်းပတ်ကုန်က အသက် ၂၃နှစ်အရွယ်ရှိ အာရီအာနာဂရန်းဒ်သည်   အသက်၂၄နှစ်အရွယ် ရက်ပါ မက်စ်မီလ်လာနှင့် တွဲခုတ်လျက်ရှိကြောင်း ကောလဟာလသတင်းများထွက်ပေါ်လျက်ရှိသည်။ရက်ပါ မက်စ်မီလ်လာက ၎င်းနှင့် ဂရန်းဒ်တို့သည် သူငယ်ချင်းများသာဖြစ်ကြောင်း ယခင်က ပြောကြားခဲ့သော်လည်း ယခုအခါတွင် နှစ်ဦးသားသည် တွဲနေပြီဖြစ်ကြောင်း သတင်းအရင်းမြစ်များက ပြောကြားခဲ့သည်။

“  သူမက အရမ်းကို တော်တဲ့ အမျိုးသမီးအဆိုတော်တစ်ဦးဖြစ်ပါတယ်။ သူမဟာ အံသြဖွယ်ကောင်းလောက်အောင် သီချင်းဆိုနိုင်တယ်။ ဒါဟာ ထူးခြားတဲ့ အရည်အသွေးပါ။ သူမဟာ တစ်ကယ့်ကို ထူးခြားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တွေ့ဖူးတဲ့ထူးခြားတဲ့ သူတွေထဲမှာ သူမလည်း တစ်ဦးအပါအဝင်ပါပဲ ”ဟု မက်စ်မီလ်လာက ယခင်က  MTV သတင်းဌာနကို ပြောကြားခဲ့ဖူးသည်။

ဂရန်းဒ်သည် ချစ်သူဖြစ်သူ အကသမား ရစ်ကီအယ်လ်ဗာရက်ဇ်နှင့် လမ်းခွဲခဲ့ပြီးနောက် တစ်လအကြာတွင် ရက်ပါမက်စ်မီလ်လာ နှင့် တွဲနေသော သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ ဂရန်ဒ်သည် ရစ်ကီအယ်လ်ဗာရက်ဇ်နှင့် တစ်နှစ်ကြာတွဲခဲ့ပြီးနောက် ဇူလိုင်လက လမ်းခွဲခဲ့ခြင်းဖြစ်သည်။

“ ဂရန်းဒ် နဲ့ ရစ်ကီတို့နှစ်ယောက်ဟာ အနုပညာအလုပ်တွေကြောင့် တွေ့ဖို့ အခက်အခဲရှိကြတယ်။ အဲ့ဒါကြောင့် လမ်းခွဲခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ အခုထိ သူငယ်ချင်းတွေပါပဲ ”ဟု  သတင်းအရင်းမြစ်တစ်ခုက  E! News သတင်းဌာနကို ပြောကြားခဲ့သည်။

ဂရန်းဒ် သည် မေလက  “ Dangerous Woman” တေးအယ်လ်ဘမ်ကို နောက်ဆုံးထွက်ရှိခဲ့ကြောင်း  နှင့် ယင်းတေးအယ်လ်ဘမ်သည် ဘေလ်ဘုတ် ၂၀၀စာရင်းတွင် နံပါတ်နှစ်နေရာတွင် ရပ်တည်ခဲ့သည်။ ဂရန်းဒ်သည် မကြာမီပြုလုပ်မည့် ကမ္ဘာလှည့်ဖျော်ဖြေပွဲတွင် တေးအယ်လ်ဘမ် အရောင်းမြှင့်တင်ရေးကို လုပ်ဆောင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly