အေဗရယ်လားဗင်းနဲ့ အဆိုတော် ရိုင်ယန်ကပ်ဘရဲရာတို့ တွဲနေပြီလား

အေဗရယ်လားဗင်းနဲ့ အဆိုတော် ရိုင်ယန်ကပ်ဘရဲရာတို့ တွဲနေပြီလား

နယူးယော့ခ်၊ သြဂုတ် ၂၀ ။         ။ ကနေဒါအဆိုတော် သရုပ်ဆောင် အေဗရယ်လားဗင်း နှင့်အဆိုတော် ရိုင်ယန်ကပ်ဘရဲရာတို့ကို ယခုသီတင်းပတ်က နယူးယော့ခ်မြို့တွင် အတူတွေ့ရှိခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၃၁ နှစ်အရွယ်ရှိ အေဗရယ်လားဗင်းနှင့် အသက်၃၄နှစ် အရွယ်ရှိ အဆိုတော် ရိုင်ယန်ကပ်ဘရဲရာ တို့သည်  မက်ဟန်တန်မြို့ STK Midtown စားသောက်ဆိုင်တွင် ညစာအတူစားနေသည်ကို တွေ့ရှိခဲ့သည်။

လားဗင်းသည်  Nickelback ရော့ခ်တေးဂီတအဖွဲ့ခေါင်းဆောင် ချက်ဒ်ခရိုဂါနှင့် လမ်းခွဲပြီးနောက် တစ်နှစ်အကြာတွင် ကပ်ဘရဲလ်ရာနှင့် သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ လာဗင်းသည် ၂၀၁၃ ခုနှစ်က  ရော့ခ်တေးဂီတအဖွဲ့ခေါင်းဆောင် ချက်ဒ်ခရိုဂါနှင့် လက်ထပ်ခဲ့သူတစ်ဦးဖြစ်သည်။အေဗရယ်လားဗင်းနှင့် ကပ်ဘရဲရာတို့သည် ဖေဖော်ဝါရီလကတည်းက အဆက်အသွယ်ရှိခဲ့ကြသည်။

လားဗင်းသည် ၂၀၁၃ ခုနှစ်က  “Avril Lavigne” တေးအယ်လ်ဘမ်ကို ထွက်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်က  “EP Wake Up Beautiful” တေးအယ်လ်ဘမ်ကို ထွက်ရှိခဲ့ကြောင်း နှင့် လက်ရှိအချိန်တွင်  98 Degrees ၊ Dream နှင့်  O-Town တေးဂီတအဖွဲ့တို့နှင့်  My2K ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ကို လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly