လေဒီဂါဂါ၏ ဖခင်က အီတလီ ချက်ပြုတ်နည်းစာအုပ် ထုတ်ဝေမည်

လေဒီဂါဂါ၏ ဖခင်က အီတလီ ချက်ပြုတ်နည်းစာအုပ် ထုတ်ဝေမည်

နယူးယော့ခ် ၊ သြဂုတ် ၁၈ ။      ။ ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါ၏ ဖခင်ဖြစ်သူ ဂျိုးဂျာမာန်နော့တာသည်  ၎င်း၏  NYC စားသောက်ဆိုင်မှ ချက်ပြုတ်နည်းအကြောင်းကိုရေးသားထားသော စာအုပ်ကို ထုတ်ဝေမည်ဖြစ်ကြောင်း နှင့် ယင်းစာအုပ်၏ နိဒါန်းကို လေဒီဂါဂါက ရေးသားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ Joanne Trattoria Cookbook: Classic Recipes and Scences From a Italian American Restaurant” ဟု အမည်ပေးထားသော ယင်းစာအုပ်တွင် စားသောက်ဆိုင်မှ ချက်ပြုတ်နည်းများ နှင့် ဂျာမန်နော့တာမိသားစု၏ အကြောင်းအရာများကိုလည်း ဖော်ပြသွားမည်ဖြစ်သည်။

စားသောက်ဆိုင်ကို ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး အီတလီရိုးရာအစားအစားများ ရရှိနိုင်သော မိသားစု စားသောက်ဆိုင်အဖြစ် ဈေးကွက်တင်ခဲ့သည်။

“ စားသောက်ဆိုင်နာမည်ကို အသက်၂၀ပြည့်မွေးနေ့မတိုင်မီ သုံးလအလိုတွင် Lupus ရောဂါဖြင့် ကွယ်လွန်ခဲ့သော ဂါဂါ၏ညီမနာမည်ကို ပေးထားပါတယ်။သူတို့ရဲ့ မိသားစုပိုင် စားသောက်ဆိုင်ဟာ မိသားစုစိတ်ဓာတ် ၊ အစားအသောက် နဲ့ ချစ်ခြင်းမေတ္တာအပေါ် အခြေခံကာ ဆောက်လုပ်ထားတာဖြစ်တယ်။ ချက်နည်းပြုတ်နည်းစာအုပ်ရဲ့ စာမျက်နှာတွေမှာတော့ ဂျိုးဂျာမာန်နော့တာက ချက်နည်းပြုတ်နည်းတွေနဲ့     သူရဲ့ကမ္ဘာ့နာမည်ကြီးစားသောက်ဆိုင်ရဲ့ စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာတွေကို စုစည်းတင်ပြထားတယ်”ဟု စာအုပ်ထုတ်ဝေရေး ကုမ္ပဏီက ပြောကြားသည်။

စာအုပ်ကို နိုဝင်ဘာ ၂၂ရက်တွင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags