ဘဲလ်လာသရုန်း နဲ့ ဂရက်ဆူလ်ကင်တို့ စုံတွဲ လမ်းခွဲလိုက်ပြီ

ဘဲလ်လာသရုန်း နဲ့ ဂရက်ဆူလ်ကင်တို့ စုံတွဲ လမ်းခွဲလိုက်ပြီ

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၆ ။                ။ ဟောလိဝုဒ်မင်းသမီး ဘဲလ်လာသရုန်း နှင့် ဗြိတိန် သရုပ်ဆောင်မင်းသား ဂရက်ဆူလ်ကင်တို့ စုံတွဲသည် တစ်နှစ်ကျော်ကြာတွဲလာခဲ့ပြီးနောက် ယခုအခါ လမ်းခွဲပြတ်စဲလိုက်ပြီဖြစ်ကြောင်း သြဂုတ်၁၅ရက်က အတည်ပြုပြောကြားခဲ့သည်။

“ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို အဆုံးသတ်ဖို့ အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါ”ဟု ၎င်းတို့ စုံတွဲက  People မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် လေးစားပြီး ချစ်ခင်မြတ်နိုးပါတယ်။ ကျွန်တော်တို့ရဲ့ အနုပညာလုပ်ငန်းတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် တွေ့ရဖို့ ခက်နေပါတယ်။ ဒါကြောင့် အခုအချိန်မှာ  လမ်းခွဲဖို့ ဆုံးဖြတ်ချက်ဟာ အကောင်းဆုံးဖြစ်တဲ့တွက် ကျွန်တော်တို့ အခုလိုဆုံးဖြတ်ခဲ့တာပါ  ”ဟု ၎င်းတို့ စုံတွဲက ပြောကြားသည်။

ဘဲလ်လာသရုန်း နှင့် ဂရက်ဆူလ်ကင်တို့သည် ၂၀၁၅ ခုနှစ်နွေရာသီက စတင်တွဲခဲ့ကြပြီး ၎င်းတို့နှစ်ဦးသည် ကာလရှည်သိကျွမ်းခဲ့သော သူငယ်ချင်းများလည်း ဖြစ်ကြောင်း နှင့် ယခုနှစ်နွေဦးရာသီတွင် အိမ်တစ်လုံးကို အတူဝယ်ခဲ့ကြသည်။

“ ဂရက်နဲ့ သိခွင့်ရတာ အရမ်းကို ကောင်းပါတယ်။ ကျွန်မသူနဲ့သိတာ ခြောက်နှစ်လောက်ရှိနေပါပြီ။ ကျွန်မတို့ မိသားစုဝင်တွေဟာ အရမ်းကို ရင်းနှီးမှုရှိတယ် ”ဟုသရုန်းက ၂၀၁၅ ခုနှစ် ဇွန်လက  Teen Vogue မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

သရုန်းသည် ဒစ္စနေးရုပ်သံလိုင်းဇာတ်လမ်းတွဲ  Shake It Up  တွင် ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း နှင့် “ Famous in Love” ဒရမ်မာဇာတ်ကားသစ်အတွက် ပါဝင်သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသည်။ ဆူလ်ကင်သည် ဒစ္စနေး၏  Wizards of Wavely Place ဇာတ်ကား နှင့် အမ်တီဗီ၏  Faking It ဇာတ်ကားတို့ဖြင့် ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly