လူအများအပြားသေဆုံးခဲ့သော ရှန်ကျန်းမြေပြိုမှုဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူ ၅၃ ဦးကို တရုတ်အာဏာပိုင်များ ဖမ်းဆီး

လူအများအပြားသေဆုံးခဲ့သော ရှန်ကျန်းမြေပြိုမှုဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူ ၅၃ ဦးကို တရုတ်အာဏာပိုင်များ ဖမ်းဆီး

ဇူလိုင် ၁၆ ။               ။ ယမန်နှစ်က တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့တွင် လူပေါင်း ၇၃ ဦးထိ သေဆုံးခဲ့ရသော မြေပြိုမှုဖြစ်စဉ်နှင့်စပ်လျင်း၍ ယခုအခါ အာဏာပိုင်များက တာဝန်ရှိသူ ၅၃ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်သည်။

ဒီဇင်ဘာ  ၂၀ ရက်မြေပြိုမှုဖြစ်စဉ်ကို "ဆိုးရွားပြင်းထန်လှသော စက်မှုလုပ်ငန်းထဲမှ ဖြစ်ရပ်ဆိုး" အဖြစ် စုံစမ်းစစ်ဆေးသူများက သတ်မှတ်ခဲ့ပြီး ပမာဏများပြားလှသော ဆောက်လုပ်ရေးလုပ်ငန်းသုံး စွန့်ပစ်ပစ္စည်းများကို စုပုံထားခဲ့ခြင်းက မြေပြိုရခြင်း၏ အဓိကအကြောင်းရင်းဟု ဖော်ထုတ်ခဲ့ကြသည်။

စက်မှုဇုန်ထဲတွင် ပုံစမကျသည့် ရေထုတ်စနစ်ကြောင့် ယခုကဲ့သို့ ဖြစ်ရပ်ဆိုးဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက ဖော်ပြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရှန်ကျန်မြို့မှ အဆင့်မြင့် မြူနီစီပယ်အရာရှိကြီးနှစ်ဦးအပါအဝင် အစိုးရအရာထမ်း ၅၇ ဦးကို ပြစ်ဒဏ်ချမှတ်သွားရန် လုပ်ဆောင်နေသည်ဟု တရုတ်နိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြသွားသည်။

မြေပြိုမှုဖြစ်ပွားပြီးနောက်ပိုင်း အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများကို ချက်ချင်းလုပ်ဆောင်ခဲ့သည်။ ယင်းမြေပြိုမှုကြောင့် ဓါတ်ငွေ့ပိုက်လိုင်းတစ်ခုလည်း ပေါက်ကွဲသွားခဲ့ရာ အဆောက်အအုံပေါင်း ၃၃ လုံး ပျက်စီးခဲ့ရပြီး စီးပွားရေးအရ တိုက်ရိုက်ဆုံးရှုံးနစ်နာမှုတန်ဖိုး ယွမ် သန်းပေါင်း ၈၈၁ သန်းထိ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly