အင်စတာဂရမ်တွင် ဓာတ်ပုံ like အများဆုံး စံချိန်တင်ရရှိသည့် ဆလီနာဂိုမက်ဇ်

အင်စတာဂရမ်တွင် ဓာတ်ပုံ like အများဆုံး စံချိန်တင်ရရှိသည့် ဆလီနာဂိုမက်ဇ်

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၁၄ ။         ။ ဟောလိဝုဒ်မင်းသမီး အဆိုတော် ဆလီနာဂိုမက်ဇ်သည် ယခုအခါ အင်စတာဂရမ်တွင် ရည်စား ဟောင်းဖြစ်သူ ဂျက်စတင်ဘီဘာကို ကျော်လွန်ကာ ဓာတ်ပုံ like အများဆုံး စံချိန်တင်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဇူလိုင်လ အစောပိုင်းက ဆလီနာဂိုမက်ဇ် တင်ခဲ့သော ဓာတ်ပုံသည် comment နှင့် counting ၉၀၀၀၀ နှင့်အတူ like ၄ ဒသမ ၁ သန်း ရရှိခဲ့သည်။ ဓာတ်ပုံတွင် ဆလီနာသည် ၎င်း၏ တေးသီချင်း “Me & the Rhythm” မှ “You’re the Spark” စာသားကို ရေးထိုးထားသော Coca-Cola အအေးပု လင်း သောက်နေသည်ကို တွေ့ရသည်။

ဆလီနာသည် ဓာတ်ပုံနှင့်အတူ “အအေးပုလင်းပေါ်တွင် မင်းရဲ့ တေးသီချင်းစာသား ပါဝင် သည့်အခါ” ဟူသော စာသားကို ရေးသားခဲ့သည်။ ဆလီနာသည် အနီရောင်ရှပ်အင်္ကျီကို ဝတ်ဆင် ထားပြီး ဆံပင်များကို အခွေအလိပ်များ ပြုလုပ်ထားကာ အနီရောင် လက်သည်းဆိုးဆေး ဆိုးထား သည်ကို တွေ့မြင်ရသည်။

ဆလီနာဂိုမက်ဇ်သည် အင်စတာဂရမ်တွင် ၈၉ သန်းဖြင့် followers အများဆုံး စံချိန်ကို ရရှိ ထားသည်။ ယခင်က ဂျက်စတင်ဘီဘာသည် ဆလီနာကို အနမ်းခြွှေနေသည့် ဓာတ်ပုံဖြင့် အင်စ တာဂရမ်တွင် ဓာတ်ပုံ like အများဆုံး ရရှိခဲ့သူ တစ်ဦးဖြစ်ခဲ့ကြောင်းနှင့် ယင်းဓာတ်ပုံသည် like ၃ ဒသမ ၇ သန်း ရရှိခဲ့သည်။

ဘီဘာ၏ဓာတ်ပုံ like အရေအတွက်နှင့် သိပ်မကွာသည့် ကန်ဒဲလ်ဂျန်နာသည် ဓာတ်ပုံအတွက် like ရရှိမှု ၃ ဒသမ ၆ သန်းဖြင့် တတိယနေရာတွင် ရပ်တည်နေပြီး ဓာတ်ပုံတွင် ကန်ဒဲလ်ဂျန်နာသည် ပါးလွှာလွန်းသော ဂါဝန်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို အသည်းပုံစံ ပုံဖော်ထားကာ လဲလျောင်းနေ သည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly