“Secret Life of Pets” ရုပ်ရှင်ကား ရုံတင်ပြသငွေဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

“Secret Life of Pets” ရုပ်ရှင်ကား ရုံတင်ပြသငွေဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

လော့စ်အိန်ဂျလိစ် ၊ ဇူလိုင် ၁၁ ။           ။ “Secret Life of Pets” အန်နီမေးရှင်း ရုပ်ရှင်ကားသည် ယခု သီတင်းပတ်ကုန်က အမေရိကန် ဒေါ်လာ ၁၀၃ ဒသမ ၂ သန်းရရှိကာ မြောက်အမေရိက ရုံတင်ပြသငွေဇယားတွင် ထိပ်ဆုံးမှ ရပ်တည် နေကြောင်း  BoxOfficeMojo.com တွင် ဇူလိုင် ၁၀ ရက်က ဖော်ပြထားသည်။

မှတ်ဉာဏ် ခေတ္တပျောက်လေ့ရှိသော အပြာရောင်းငါးလေးအကြောင်း ရိုက်ကူးထားသည့် အန်နီမေးရှင်း ရုပ်ရှင်ကား “Finding Dory” သည် ယခင်က ရုံတင်ပြငွေဇယားတွင် ထိပ်ဆုံးမှ သီတင်း ပတ် သုံးပတ်ဆက်တိုက် ရပ်တည်ခဲ့သည်။ ”The Legend of Tarzan” ရုပ်ရှင်ကားသည် အမေရိကန် ဒေါ်လာ ၂၀ဒသမ ၆ သန်းဖြင့် နံပါတ် ၂ နေရာ ၊ “Finding Dory” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ် လာ ၂၀ ဒသမ ၄ သန်းဖြင့် နံပါတ် ၃ နေရာတို့တွင် ရပ်တည်နေသည်။

“Mike and Dave Need Wedding Dates” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆ သန်းဖြင့် နံပါတ် ၄ နေရာနှင့် “The Purge: Election Year” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇ သန်းဖြင့် နံပါတ် ၅ နေရာတို့တွင် ရပ်တည်နေသည်။

“Central Intelligence” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ သန်းဖြင့် နံပါတ် ၆ နေရာ၊ “Independence Day: Resurgence” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၇ သန်းဖြင့် နံပါတ် ၇ နေရာနှင့် “ The BFG” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ သန်းဖြင့် နံပါတ် ၈ နေရာတို့တွင် ရပ်တည်နေသည်။

”The Shallows” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ သန်းဖြင့် နံပါတ် ၉ နေရာ နှင့် “Sultan” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းဖြင့် နံပါတ် ၁၀ နေရာတို့တွင် ရပ်တည်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly