၀ူဒီအဲလန်၏ ရုပ်ရှင်ကားသစ်တွင် ဂျက်စတင်တင်းဘားလိတ်ခ်နဲ့ ကိတ်ဝင်းစလက်တို့ ပါ၀င် သရုပ်ဆောင်သွားမည်

၀ူဒီအဲလန်၏ ရုပ်ရှင်ကားသစ်တွင် ဂျက်စတင်တင်းဘားလိတ်ခ်နဲ့ ကိတ်ဝင်းစလက်တို့ ပါ၀င် သရုပ်ဆောင်သွားမည်

နယူးယော့ခ်၊ ဇူလိုင် ၈ ။           ။ ရုပ်ရှင်ရိုက်ကူးသူ ဝူဒီအဲလန်က ၎င်း၏ ရုပ်ရှင်ကားသစ်တွင် ဂျိမ်းစ်ဘဲလူရှီ၊ ဂျက်စတင်တင်း ဘားလိတ်ခ်၊ ဂျူနိုတမ်ပဲလ်နှင့် ကိတ်ဝင်းစလက်တို့ ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုပ်ရှင်ဇာတ်ကားအမည်၊ ဇာတ်လမ်းအသေးစိတ်နှင့် ထုတ်လွှင့်ပြသမည့်ရက်ကို ချက်ခြင်း ကြေငြာသွားမည်မဟုတ်ကြောင်းနှင့် အဲလန်သည် နယူးယော့ခ်မြို့တွင် ရိုက်ကူးရေး စတင်သွားမည် ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ကားကို အဲလန်နှင့် အချိန်ကြာမြင့်စွာ ပူးပေါင်းဆောင်ရွက်လာသူ ရုပ်ရှင်ထုတ် လုပ်သူများဖြစ်သော လက်တီအေရွန်ဆင်၊ အဲရစ်ခ်အေရွန်ဆင်နှင့် အက်ဝပ်ဒ်ဝဲလ်ဆင်တို့က ထုတ်လုပ် သွားမည်ဖြစ်သည်။

အဲလန်၏ မကြာသေးမီက ရိုက်ကူးပြီးစီးခဲ့သော ရုပ်ရှင်ကား “Café Society” ကို ယခုနှစ် အစောပိုင်းက ကိန်း ရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက် ပြသခဲ့ကြောင်းနှင့် ဂျင်နီဘာလင်၊ စတီဗ်ကာရဲလ်၊ ဂျက်ဆီအီဆန်ဘက် ၊ ဘလိတ်ခ်လိုက်ဗ်လီး ၊ ပက်ကာပိုဆေး ၊ ခရစ္စတင်စတီးဝပ် ၊ ကိုရေးစတိုးလ်နှင့် ကန်စတော့တို့ ပါဝင် သရုပ်ဆောင်ထားသည်။

“Café Society” ရုပ်ရှင်ကားကို Amazon Studio နှင့် Lionsgate တို့က နယူးယော့ခ်မြို့နှင့် လော့စ်အိန်ဂျလိစ်မြို့တို့တွင် ထုတ်လွှင့်ပြသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly