ဂျေလိုနှင့် လင်မန်ဝဲလ်မရန်ဒါတို့ အော်လန်ဒို ပစ်ခတ်မှုတွင် ဒဏ်ရာရရှိသူများကို ငွေကြေးများ ထောက်ပံ့ပေးရန် တေးသီချင်း အသံသွင်းလျက်ရှိ

ဂျေလိုနှင့် လင်မန်ဝဲလ်မရန်ဒါတို့ အော်လန်ဒို ပစ်ခတ်မှုတွင် ဒဏ်ရာရရှိသူများကို ငွေကြေးများ ထောက်ပံ့ပေးရန် တေးသီချင်း အသံသွင်းလျက်ရှိ

နယူးယော့ခ်၊ ဇူလိုင် ၄ ။               ။ အမေရိကန် သရုပ်ဆောင် အဆိုတော်တစ်ဦးဖြစ်သူ လင်မန်ဝဲလ်မရန်ဒါနှင့် ပေါ့ပ်ကြယ်ပွင့် ဂျနီဖာလိုပက်ဇ်တို့သည် ပြီးခဲ့သည့်လက အော်လန်ဒို ဂေးလ်နိုက်ကလပ်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ် မှုအတွင်း ဒဏ်ရာရရှိသူများ၏ မိသားစုများကို ထောက်ပံပေးရန် တေးသီချင်းတစ်ပုဒ်ကို အသံသွင်း လျက် ရှိသည်။

ဂျေလိုနှင့် မရန်ဒါတို့သည် “Love Make the World Go Round” အမည်ရှိ တေးသီချင်းကို အသံသွင်းလျက်ရှိပြီး ယင်းတေးသီချင်းရောင်းချမှုမှ ရရှိသော ငွေများကို အကျိူးအမြတ်မလိုလားသော အဖွဲ့ Hispanic ဖောင်ဒေးရှင်း၏ Proyecto Somos Orlando အဖွဲ့ကို လှူဒါန်းသွားမည် ဖြစ်သည်။

ဂျေလိုသည် မကြာမီထွက်ရှိမည့် တစ်ကိုယ်တော် တေးသီချင်း တေးသံသွင်းမှု နောက်ကွယ်က ပုံရိပ်များကို ဇူလိုင် ၅ ရက် အစောပိုင်းက အင်စတာဂရမ်ပေါ်တွင် တင်ခဲ့ပြီး “ကျွန်မနဲ့ လင်မန်ဝဲလ် မရန်ဒါတိုဟာ စတူဒီယိုမှာ အထူး တေးသီချင်းတစ်ပုဒ်ကို လုပ်ဆောင်နေပါတယ်” ဟူသော စာသား ကိုလည်း ရေးသားခဲ့သည်။

“Love Make the World Go Round” တေးသီချင်း ထွက်ရှိမည့် ရက်ကို ယခုအချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးပေ။ Pulse နိုက်ကလပ်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း ၄၉ ဦး သေဆုံးခဲ့ ပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းတို့အနက် ၉၅ ရာခိုင်နှုန်းသည် တောင်အမေရိကတိုက်သားများ ဖြစ်ကြောင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံစားရသော သူများအတွက် ရန်ပုံငွေများ လိုက်လံစုဆောင်းနေသော အဖွဲ့၏ ဝက်ဆိုဒ်တွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly