နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးအဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးကျော်တင့်ဆွေအား ခန့်အပ်

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးအဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးကျော်တင့်ဆွေအား ခန့်အပ်
(ဓာတ်ပုံ- UN)

အရပ်သားအစိုးရက ထပ်မံဖွဲ့စည်းလိုက်သော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးကျော်တင့်ဆွေအား ခန့်အပ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က မေလ ၁၁ရက်တွင် ပြောသည်။

“အတိုင်ပင်ခံပုဂ္ဂိုလ်ကို အထောက်အကူဖြစ်ဖို့ ခန့်တာပေါ့” ဟု ဦးဝင်းထိန်က ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထားသည်။

အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာနပေါင်း ၂၁ခုကို ထားရှိခဲ့ရာမှ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနတစ်ခုကို ထပ်မံဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အဆိုပါဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးကျော်တင့်ဆွေအား ခန့်အပ်လိုက်ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် ဦးကျော်တင့်ဆွေသည် ပြည်ထောင်စုလွှတ်တော်၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ၊ သုံးသပ်ဆန်းစစ်ရေးကော်မရှင်၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly