တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့စည်းများ၏ အစည်းအဝေးစတင်

တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့စည်းများ၏ အစည်းအဝေးစတင်
ဓာတ်ပုံ-ဖနိဒါ

ချင်းမိုင် ဧပြီ ၁၉။         ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ၏ ဗဟိုအလုပ်အမှုဆောင် တိုးချဲ့အစည်းအဝေးကို ဧပြီ၁၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ကျင်းပနေသည်။

အစိုးရသစ်တက်လာပြီးနောက် လက်ရှိ နိုင်ငံရေး အခြေအနေများကို သုံးသပ်ရန်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့(DPN) လုပ်ငန်းများကို ပြန်လည် သုံးသပ်သွားမည်ဖြစ်ကြောင်း UNFC ဒုတိယဥက္ကဌ နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

“အခြေအနေတွေ ဘက်ပေါင်းစုံသုံးသပ်ဖို့၊ ဘက်ပေါင်းစုံဆိုတာက ပြောင်းလဲလာတဲ့ အစိုးရသစ်လက်ထက်မှာ အဲဒါတွေ ဆွေးနွေးဖို့ လိုမယ်။ DPN က သူတို့ရဲ့လုပ်ငန်းစဉ်တွေကို တင်ပြမယ်။ အဲဒါကို ပြန်သုံးသပ်ပေးမယ်”ဟု သူက နိုင်ဟံသာက ပြောသည်။

ယင်းအစည်းအဝေးတွင် ယခင်အစိုးရနှင့်ဆွေးနွေးခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း(NCA) အပေါ် ပြန်လည် သုံးသပ်ခြင်းနှင့် နိုင်ငံရေးမူဘောင်ဆိုင်ရာများကို ဧပြီ ၈ ရက်မှ ၁၁ ရက်ထိ လေးရက်ကြာ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

UNFC ဗဟိုအလုပ်အမှုဆောင် တိုးချဲ့အစည်းအဝေးတွင် ဥက္ကဌ ဗိုလ်ချုပ် အင်ဘန်လ၊ ဒုဥက္ကဌ နိုင်ဟံသာ၊ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်တို့ အပါအဝင် ၂၀ ဦးခန့် တက်ရောက် ဆွေးနွေးနေပြီး ယနေ့ ဧပြီ ၁၉ ရက်မှ ၂၁ ရက်ထိ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags