သမ္မတသစ် အိမ်တော်သင်္ကြန် ကျင်းပမည်မဟုတ်

သမ္မတသစ် အိမ်တော်သင်္ကြန် ကျင်းပမည်မဟုတ်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၂၈)။ ။  သမ္မတတာဝန်ထမ်းဆောင်တော့မည့် ဦးထင်ကျော်၏ သမ္မတအိမ်တော်တွင် အတာသြင်္ကန်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပမည်မဟုတ်ဟု NLDပါတီမှ ဦးဝင်းထိန်က ပြောသည်။

ဦးထင်ကျော်အား နိုဝင်ဘာရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရထားသော NLDပါတီက ရွေးချယ်တင်မြောက်ထားခြင်းဖြစ်ပြီး လာမည့် ဧပြီလ ၁ရက်ကစပြီး သမ္မတတာဝန်ထမ်းဆောင်တော့မည် ဖြစ်သည်။

လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်အတွင်း နှစ်သစ်ကူးအတာသြင်္ကန်ပွဲကို သမ္မတအိမ်တော်တွင် ခမ်းခမ်းနားနားကျင်းပလေ့ရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များတက်ရောက်ကာ အနုပညာရှင်တစ်ချို့နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သြင်္ကန်းယိမ်းအဖွဲ့များဖြင့် ဖျော်ဖြေလေ့ရှိသည်။

သို့သော် လာမည့် ဧပြီလ ၁၂ရက်ကစပြီး ၅ရက်ကြာ ကျရောက်မည့် အတာသြင်္ကန်တွင်မူ သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်မည်မဟုတ်ဟု ဦးဝင်းထိန်က မဇ္ဈိမကို ပြောသည်။

"မလုပ်ဘူး။ လုပ်ရင်တောင် ငွေဖလားနဲ့၊ သပြေခက်နဲ့ လုပ်မယ်" ဟု ဦးဝင်းထိန်က မတ်လ ၂၈ရက်တွင် ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly