သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ(၁) ဦးမြင့်ဆွေနဲ့ ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ဖြစ်လာပြီ

သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ(၁) ဦးမြင့်ဆွေနဲ့ ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ဖြစ်လာပြီ
(ဓာတ်ပုံ- မဇ္ဈိမ/အီးပီအေ)

 

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က တင်မြှောက်
ထားသော ဒုသမ္မတသုံးဦးအနက် သမ္မတရွေးချယ်ပွဲကို ပြည်ထောင်စုလွှတ်တော်တွင် မတ်လ ၁၅ရက်က နံနက် ၁၀
နာရီတွင် မဲခွဲရွေးချယ်ရာ ဦးထင်ကျော်က မဲအများဆုံးရရှိကာ သမ္မတအဖြစ် တင်မြှောက်လိုက်ပြီဖြစ်သည်။

မဲအများဆုံးဖြင့် ဦးထင်ကျော်က သမ္မတဖြစ်လာပြီး ဒုတိယမဲအများဆုံးရရှိသူ ဦးမြင့်ဆွေ  က ဒုသမ္မတ(၁)နှင့် တတိယမဲ
အများဆုံးရရှိသော ဦးဟင်နရီဗန်ထီးယူ   က ဒုတိယသမ္မတ(၂)အဖြစ် ပြည်ထောင်စုလွှတ်တော်က တင်မြှောက်လိုက်ခြင်း ဖြစ်သည်။

လျှို့ဝှက်မဲပေးကာ လွှတ်တော်အမတ် ၆၅၂ဦးက မဲခွဲဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ဦးထင်ကျော်က ၃၆၀  မဲ၊ ဦးမြင့်ဆွေ   က ၂၁၃   မဲနှင့် ဦးဟင်နရီဗန်ထီးယူ   က၇၉  မဲ ရရှိသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဦးဟင်နရီဗန်ထီးယူနှင့်
တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့က ဦးမြင့်ဆွေတို့ကို ဒုသမ္မတများအဖြစ် အသီးသီးတင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။

ယနေ့ပြုလုပ်သည့် သမ္မတရွေးချယ်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags