လွှတ်တော်သစ်မှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့ဆက်ပြီးခက်ခဲနိုင်တယ်လို့ ဦးအေးသာအောင်ပြော

လွှတ်တော်သစ်မှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့ဆက်ပြီးခက်ခဲနိုင်တယ်လို့ ဦးအေးသာအောင်ပြော
ဂျပန်နိုင်ငံမှပြန်လည်ရောက်ရှိလာသည့် ဦးအေးသာအောင်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တွေ့ရစဉ်။ ဓါတ်ပုံ။ မဇ္စျိမ။

ရန်ကုန်၊ ဇန်နဝါရီ ၃၀။          ။အစိုးရအသစ်နှင့် လွှတ်တော်အသစ်ဖွဲ့စည်းပြီး ဆက်လုပ်ဆောင်ရွက်ရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး က အခက်အခဲတွေဆက်ရှိနိုင်သည်ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှူဆောင်လည်းဖြစ်၊ အမျိုးသားလွှတ် တော် ဒုဥက္ကဋ္ဌအဖြစ် လျာထားခြင်းခံရသူလည်းဖြစ်သူ ဦးအေးသာအောင်က ဇန်နဝါရီ ၃၀ရက်မှာ မဇ္ဈိမကိုပြော သည်။

"သမ္မတ၊ ကာချုပ်အပြင်အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့လည်းတွေ့တယ်။ တွေ့တဲ့အခါမှာ ကောင်းမွန်တဲ့သတင်းတွေ၊ ရလာဒ်တွေကိုကြားရတယ်။ ဒါကကောင်းပါတယ်။ ဒါပေမယ့် ကြားရ သလောက် ၂၀၀၈ဖွဲ့စည်းပုံပြင်ရေးမှာ ချောချောမောမောဖြစ်မယ်လို့တော့ ပြောလို့ခက်ပါတယ်။ ဒါကလည်း အကန့်အသတ် တွေအခက်အခဲတွေရှိဦးမယ်လို့ ပြောချင်ပါတယ်။" ဟု ၎င်းကဆိုသည်။

အခက်အခဲများရှိသော်လည်း NLD ရွေးကောက်ပွဲမဝင်ခင်ကြွေးကြော်ခဲ့သည့်အတိုင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်ရန်ဆိုသည့်အပြင် တိုင်းရင်းသားများကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာ့ ကိုယ်ဖန်တီးခွင့်ရရှိနိုင်ရေးအတွက် ၂၀၀၈ဖွဲ့စည်းပုံကိုပြင်ဆင်ရန်လိုအပ်သည်ဟုလည်း ဦးအေးသာအောင်က ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း အတိုက်အခံအင်အားစုများဦးဆောင် ဆောင်ရွက်ခဲ့သည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကလည်း လိုအပ်သည့်အနေအထားထိမရရှိရှိခဲ့သည့်အပြင်၊ တပ်မတော်၏ ပါဝင်မှုအခမ်းကဏ္ဍမရှိခဲ့ခြင်းကြောင့်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ခက်ခဲခဲ့သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လည်း တိုင်းရင်းသားများကိုခန့်အပ်ရုံထက် ၎င်းတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မှုကိုလည်း ဖော်ဆောင်ပေးရမည့်အပြင် လွှတ်တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့များတွင် တိုင်းရင်းသားများကိုလည်း ထည့်သွင်းခန့်အပ်ပေးရမည်ဟုဆိုသည်။

ဦးအေးသောအောင်သည် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲကို မင်းပြားနှင့် မြေပုံမြို့နယ်နှစ်ခုပါဝင်သည့် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၆မှ ဝင်ရောက်အရွေးချယ်ခံ အနိုင်ရခဲ့သူဖြစ်သူဖြစ်ပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ၎င်းကိုအမျိုးသားလွှတ်တော် ဒု-ဥက္ကဌ ရာထူးခန့်အပ်ရန်လည်း လျာထားခြင်းဖြစ်သည်။

လွှတ်တော်ဒုဥက္ကဋ္ဌ ရာထူးအတွက်ကို NLD ကလျာထားခြင်းသာဖြစ်ပြီး လွှတ်တော်ကျင်းပနိုင်သည့် ရက်တွင် လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်ချက်အပေါ်သာမူတည်သည်ဟုလည်း ဦးအေးသာအောင်ကဆိုသည်။

အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌအဖြစ်ခန့်အပ်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လျာထားသူ ဦးအေးသာအောင်နှင့် မဇ္ဈိမက လွှတ်တော်ရေးရာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ရခိုင်အမျိုးသားပါတီအရေး စသည့်အကြောင်းအရာများအပေါ် သုံးသပ်မေးမြန်းထားမှုကိုလည်း ဆက်လက်ဖော် ပြသွားပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags