လွှတ်တော်တွင် သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောမည်

လွှတ်တော်တွင် သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောမည်

နေပြည်တော်(ဇန်နဝါရီ ၂၇)။ ။ သမ္မတဦးသိန်းစိန်သည် ဇန်နဝါရီ ၂၈ရက် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သမ္မတရုံးအကြီးတန်းအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ပထမအကြိမ်လွှတ်တော်သက်တမ်းသည် ဇန်နဝါရီ ၂၉ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းမကုန်ခင် တစ်ရက်အလိုတွင် သမ္မတဦးသိန်းစိန်က မိန့်ခွန်းလာရောက် ပြောကြားမည် ဖြစ်သည်။ မိန့်ခွန်းပြောကြားရန် လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားပြီးလည်း ဖြစ်သည်။

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းသည် ဖော်ဖော်ဝါရီ ၁ရက်တွင် စတင်မည်ဖြစ်ပြီး အမတ်သစ်များအနေဖြင့် ဇန်နဝါရီ ၂၇ရက်မှ ၂၉ရက်နေ့အထိ ၃ရက်ကြာ လေ့လာသူများအဖြစ် တက်ရောက်ကြရန် လွှတ်တော်ရုံးများက အသိပေးထားသည်။

မိန့်ခွန်းပြောကြားမည့် သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းမှာမူ လာမည့် မတ်လကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး နိုဝင်ဘာရွေးကောက်ပွဲများတွင် အပြတ်အသတ်အနိုင်ရထားသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အစိုးရတစ်ရပ်ဖွဲ့စည်းရတော့မည် ဖြစ်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly