ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် အိမ်ဖြူတော် တောင်းဆို

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် အိမ်ဖြူတော် တောင်းဆို

မတ် ၃၀

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးရန် အမေရိကန် သမ္မတ အိမ်ဖြူတော်က ယနေ့ မတ်လ ၃၀ရက်တွင် ထုတ်ပြန်သည်။

အမေရိကန် သမ္မတဂျိုးဘိုင်ဒန်နှင့် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းတို့ တွေ့ဆုံမှုအပြီး အိမ်ဖြူတော်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများကိုလည်း အနှောင့်အယှက် အဟန့်အတား မရှိ ပေးအပ်နိုင်ရေး ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

စစ်တပ် အာဏာသိမ်းမှုမှာ ဆယ်စုနှစ် တစ်ခုစာ ဒီမိုကရေစီနှင့် စီးပွားရေး တိုးတက် ပြောင်းလဲမှုတို့ကို ပြောင်းပြန်လှန်စေခဲ့သည်ဟု ဆိုသည်။

"မြန်မာပြည်သူများ အတွက် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းနှင့် ဆယ်စုနှစ် တစ်ခုစာ ဒီမိုကရေစီနှင့် စီးပွားရေး တိုးတက် ပြောင်းလဲလာမှုတို့ကို ပြောင်းပြန် လန်စေခဲ့သည့် ယမန်နှစ် စစ်တပ် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် ဆက်လက် ဖြစ်ပွားလျက်ရှိသည့် အတိဒုက္ခများနှင့် အကြမ်းဖက်မှုများ အပေါ် မိမိတို့ နှစ်ယောက်စလုံး အထူးပင် စိုးရိမ်မိပါသည်" ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။

မြန်မာ စစ်ခေါင်းဆောင်များ အနေဖြင့် အာဆီယံ သဘောတူညီချက် ငါးရပ်ကို လိုက်နာရန် တိုက်တွန်းကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ စစ်အာဏာ သိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့အထိ ကျဆုံး ပြည်သူ ၁၇၁၉ ဦး ဖမ်းဆီးချုပ်နှောင် ခံထားရသူ စုစုပေါင်း ၉၉၈၄ ဦးရှိပြီး ၎င်းတို့အနက်မှ ၈၈၃ ဦး မှာ ထောင်ဒဏ် ချမှတ်ခံထားရကြောင်း သိရသည်။

#Mizzima

#အိမ်ဖြူတော်

#ဒေါ်အောင်ဆန်းစုကြည်

#အမေရိကန်သမ္မတ

#ထုတ်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly