ဗိုလ်စိန်မှန်ကွင်း

အခြေခံဥပဒေ ပုဒ်မ ၅၉ ထောက်ခံပွဲ ပြုလုပ်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ကို ထောက်ခံပွဲအား ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းတွင် ဖေဖော်ဝါရီ ၂၈ရက်က ပြုလုပ်လျက်ရှိသည်။ ဒေါ်ခင်ဝိုင်းကြည်၊ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ဦးနေမျိုးဝေ၊ မြန်မာအမျိုးသားရေးပါတီက ဦးဝင်းကိုကိုလတ်၊ ရှေ့နေဦးအေးပိုင်တို့က ဟောပြော ထောက်ခံခဲ့ကြသည်။ (ဓာတ်ပုံ- သူရ)

ထိပ်တန်းမြန်မာအထည်ချုပ်မှ အလုပ်သမားများ လုပ်ခလစာပြန်လည် ရရှိရန် ဆန္ဒထုတ်ဖော်

လှိုင်သာယာမြို့နယ်ရှိ ထိပ်တန်းမြန်မာအထည်ချုပ်စက်ရုံမှ အလုပ်သမား ၂၀၀ ကျော်သည် ၂၀၁၅ ခုနှစ် ၁၁ လပိုင်းက မရရှိခဲ့တဲ့ လုပ်ခလစာပြန်လည် ရရှိစေဖို့အတွက် ဇန်နဝါရီလ ၇ ရက်နေ့က ဗိုလ်စိန်မှန်ကွင်းကနေ ကျိုက္ကဆံ ဟစ်တိုင်ကွင်းအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားကြမှာဖြစ်ပြီး လမ်းတစ်လျှောက်တွင်လည်း ၁၁ လပိုင်း လုပ်ခလစာအပြည့်အဝ အမြန်ရရှိရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ ထိရောက်စွာ အမြန်ဆုံးဖြေရှင်းပေးရေး ဒို့အရေး အပါအဝင် ကြွေးကြော်သံလေးချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
(သတင်း/ဓာတ်ပုံ - ယဉ်မွန်ခိုင်၊ မဇ္ဈိမ)

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦး သေဒက်ပေးခံရခြင်းနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ပွဲ

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦး သေဒက်ပေးခံရခြင်းနှင့် ပတ်သက်၍  ဆန္ဒဖော်ထုတ်ပွဲကို ဒီဇင်ဘာလ ၂၉ ရက် နေ့လည် ၁နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင်ပြုလုပ်ကျင်းပနေစဉ်။ (ဓာတ်ပုံ သက်ကို မဇ္ဈိမ)

Subscribe to RSS - ဗိုလ်စိန်မှန်ကွင်း