ထိပ်တန်းမြန်မာအထည်ချုပ်မှ အလုပ်သမားများ လုပ်ခလစာပြန်လည် ရရှိရန် ဆန္ဒထုတ်ဖော်

လှိုင်သာယာမြို့နယ်ရှိ ထိပ်တန်းမြန်မာအထည်ချုပ်စက်ရုံမှ အလုပ်သမား ၂၀၀ ကျော်သည် ၂၀၁၅ ခုနှစ် ၁၁ လပိုင်းက မရရှိခဲ့တဲ့ လုပ်ခလစာပြန်လည် ရရှိစေဖို့အတွက် ဇန်နဝါရီလ ၇ ရက်နေ့က ဗိုလ်စိန်မှန်ကွင်းကနေ ကျိုက္ကဆံ ဟစ်တိုင်ကွင်းအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားကြမှာဖြစ်ပြီး လမ်းတစ်လျှောက်တွင်လည်း ၁၁ လပိုင်း လုပ်ခလစာအပြည့်အဝ အမြန်ရရှိရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ ထိရောက်စွာ အမြန်ဆုံးဖြေရှင်းပေးရေး ဒို့အရေး အပါအဝင် ကြွေးကြော်သံလေးချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
(သတင်း/ဓာတ်ပုံ - ယဉ်မွန်ခိုင်၊ မဇ္ဈိမ)