ဝိုင်နှင့်ဆိုဒါ ရောစပ်ထားသည့် နာမည်ကြီး ဟန်ဂေရီယမကာ

.

စက်တင်ဘာ ၁၂ ။        ။ ဟန်ဂေရီနိုင်ငံရဲ့ နာမည်အကြီးဆုံး ယမကာကတော့ ၀ိုင်နဲ့ဆိုဒါ ရောစပ်ထားတဲ့ ယမကာပဲဖြစ်ပါတယ်။

ဝိုင်နဲ့ဆိုဒါရောစပ်ထားတဲ့ ယမကာကို ဟန်ဂေရီစကားနဲ့ fröccs (ဖရို့ရှ်) လို့ခေါ်ဝေါ်တယ်လို့ သိရပါတယ်။

အဆိုပါယမကာကို စတင်ဖော်စပ်ခဲ့သူကတော့ ဗူးဒပက်စ်မြို့သား အသက် ၄၄ နှစ်အရွယ် Peter Ondrusek ပဲဖြစ်ပါတယ်။

“ဆိုဒါကို အရက်ဖြူ ဒါမှမဟုတ် နှင်းဆီဝိုင်နဲ့ရောစပ်ထားတာ။ ဒီယမကာကို ဖော်စပ်ပြီး ရောင်းချလာတာ ၇ နှစ်ရှိပါပြီ။ အစတုန်းကတော့ ကြိုက်တဲ့လူသိပ်မရှိဘူး။ အခုတော့ ဗူးဒပက်စ်မြို့မှာရှိတဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေမှာ အရောင်းရဆုံးယမကာဖြစ်နေပါပြီ။”လို့ Peter Ondrusek ကပြောပါတယ်။

“နိုင်ငံခြားသားတွေလည်း ဖရို့ရှ်ယမကာကို ကြိုက်ကြတယ်။ ဒါပေမယ့် ဒါကို ဘယ်လိုအသံထွက်ရမလဲဆိုတာ သူတို့ကိုသင်ပေးရတယ်။”လို့ Peter ကဆက်ပြောပါတယ်။

 “ဖရို့ရှ်သောက်လိုက်ရင် လန်းဆန်းသွားတယ်။ ယမကာတော့ ယမကာပဲ။ ဒါပေမယ့် ဒါသောက်လိုက်လို့ မမူးသွားဘူး။ အလုပ်ဆက်လုပ်နိုင်တယ်။”လို့ အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ရုံးသန့်ရှင်းရေးဝန်ထမ်း Istvan Szirtes ကပြောပါတယ်။

Peter Ondrusek ရဲ့ ဖရို့ရှ်ဘားမှာတော့ ၀ိုင်နဲ့ ဆိုဒါရောစပ်တဲ့ အချိုးအဆပေါ်မူတည်ပြီး ကိုယ်လိုချင်တဲ့ အရသာကို ရောစပ်နိုင်တယ်လို့ သိရပါတယ်။