Ref: Soompi ၊ ဒီဇင်ဘာ ၂၉
တရုတ်နိုင်ငံမှ နာမည်ကျော်အဆိုတော်နှင့်သရုပ်ဆောင်ဖြစ်သူ ၀ူရီဖန် ( Kris) နှင့် တရုတ်မင်းသမီး Coulee Nazha တို့က သူတို့နှစ်ဦးချစ်သူများအဖြစ် လက်တွဲနေကြပြီဆိုသော ကောလဟာလသတင်းများကို ငြင်းဆန်ခဲ့ ကြသည်။
မင်းသမီး Coulee Nazha သည် သူမ၏ချစ်သူဟောင်းဖြစ်သူ တရုတ်မင်းသားကျန်ဟန်နှင့် လက်တွဲဖြုတ်ခဲ့ပြီး နောက်တွင် Kris နှင့် တွဲနေကြပြီဆိုသော သတင်းများကို တရုတ်သတင်းဝက်ဘ်ဆိုက်များ၌ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဖော်ပြခဲ့ကြသည်။
ထိုသို့ကောလဟာလများ ပျံ့နှံ့လာပြီးနောက်တွင် Kris နှင့် Coulee တို့က တစ်ပြိုင်နက် ငြင်းဆန်ခဲ့ကြသည်။
Coulee ၏ အေဂျင်စီက ထိုကောလဟာလများကိုပယ်ချပြီး “ဒီလောကကြီးမှာ လူတိုင်းလူတိုင်းဟာ သူတို့ရဲ့ ပင်ကိုယ်ဟန်တွေရှိပါတယ်။ ကောလဟာလစကားတွေဟာ အလကားအချည်းအနှီးပါပဲ” ဟု ပြောဆိုခဲ့သည်။
ဒါ့အပြင် Kris ကလည်း ထိုသတင်းများကို ငြင်းဆန်ခဲ့သလို သူ၏အေဂျင်စီ၏ တရားဝင်လူမှုမီဒီယာအကောင့်၌ “လူတွေဟာ မလိုလားအပ်တဲ့ အရာတွေပေါ်မှာပဲ အချိန်ကုန်နေကြပါတယ်” ဟု တုံ့ပြန်ရေးသားခဲ့သည်။