LIVE: ထရန်မဲရ် ၀-၆ မန်ယူ (Full-time)

26 January 2020
LIVE: ထရန်မဲရ် ၀-၆ မန်ယူ (Full-time)
FA Cup January 26, 21:30

Tranmere
0-6 (FT)
Maguire 10' Dalot 13' Lingard 16' Phil Jones 41' Martial 45' Greenwood 56' (P)
Stadium: Prenton Park
63 Min

မန်ယူအသင်းက ဒုတိယပိုင်းကို အေးအေးဆေးဆေး ကစားနေပေမယ့် တာဟစ်ချောင်ကို တားဆီးပုံကြမ်းတမ်းခဲ့တဲ့ ထရန်မဲဂိုးသမားကြောင့် ပင်နယ်တီ ကန်ခွင့်ရခဲ့တာ ခင်ဗျာ။ ဒုတိယပိုင်း ပွဲကစားချိန်က (၁၀)မိနစ် ကျော်ကျော်သာ ရှိသေးလို့ မန်ယူအသင်းရဲ့ နောက်ထပ် သွင်းဂိုးတွေကို ထပ်ပြီး မြင်တွေ့ရမလားဆိုတာ ပရိသတ်တွေ စိတ်ဝင်စားနေကြပါတယ်။

Goal!!!

မန်ယူအသင်းအတွက် (၆)ဂိုးမြောက် ဦးဆောင်ဂိုး ကို ဂရင်းဝုဒ်က ပင်နယ်တီကနေ သွင်းယူသွားခဲ့ပြန်ပြီ ခင်ဗျာ

57 Min

ထရန်မဲ အသင်းကတော့ ဒီ့ထက်ပိုပြီး ဂိုးမပေးရဖို့ကိုသာ ကြိုးစားရတော့မှာဖြစ်ပြီး မန်ယူအသင်းကို ချေပဂိုးသွင်းဖို့ဆိုတာ မဖြစ်နိုင်တော့သလောက်ပဲ ခင်ဗျာ။ ဘယ်ခြမ်းက တေလာ တစ်ယောက်ကတော့ အခုချိန်ထိ ကြိုးစားနေဆဲပဲဖြစ်ပြီး မန်ယူခံစစ်ကို ဖိအားတွေပေးနေဆဲပါ။

50 Min

ပထမပိုင်းမှာ (၅)ဂိုးပြတ်နဲ့ အနိုင်ရထားတဲ့ မန်ယူအသင်းကတော့ ပွဲချိန် ဒုတိယပိုင်းကို အေးအေးဆေးဆေး ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေပြီး လူငယ်ကစားသမားတွေကို ဆက်ပြီးနေရာပေးသွားဖို့ရှိနေတာပါ။ မာရှယ် ထွက်သွားခဲ့လို့ ဂရင်းဝုဒ်က မန်ယူရဲ့အဓိက တိုက်စစ်ကစားသမား ဖြစ်လာခဲ့ပြီ ခင်ဗျာ

48 Min

မန်ယူအအသင်းက တိုက်စစ်မှူး မာရှယ်နဲ့ မာတစ် တို့နေရာမှာ တာဟစ်ချောင််နဲ့ ဖရက်ဒ် တို့ကို ထည့်သွင်းကစားစေတယ် ခင်ဗျာ

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly