ရေကြီးမှု နောက်ဆုံးရသတင်း - Mizzima News Update

12 August 2019
ရေကြီးမှု နောက်ဆုံးရသတင်း - Mizzima News Update
ရေဘေးသင့် ပြည်သူများ ကို မြိတ်ခရိုင် အရေးပေါ်လူနာတင်ယာဉ်များ အသင်းမှ ကျပ်သိန်း ၂၀၀ ကျော် ပြန်လည် လှူဒါန်း

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် အတွင်းမှ သဘာဝ ဘေးန္တရာယ်ကြောင့် ထိခိုက် ပျက်စီး ခဲ့သည့် ပြည်သူများကို ပြန်လည် ထူထောင်ရေး အတွက် အရေးပေါ် လူနာတင်ယာဉ်များ အသင်းမှ ဦးဆောင်၍ လက်ခံ ရရှိထားသည့် အလှူငွေ ကျပ်သိန်း ၂၀၀ ကျော်ကို ပြန်လည် လှူဒါန်းပေးအပ်ခဲ့သည်။

ရိုက်ကူး - ဒီမိုးသွေး(မြိတ်)
တည်းဖြတ် - စိုးသူအောင်

သဘောဝဘေးဒဏ်ကြောင့် ပျက်စီးသွားကြရသည့် နေရာအသိုက်အဝန်း

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမကြီးဘေးရှိ သဲဖြူကုန်းကျေးရွာ အပေါ် သြဂုတ် ၉ ရက်နေ့ နံနက်ပိုင်းက ကုလားမတောင်တန်း၏ မလတ်တောင်မြေပြိုကျမှုဖြစ်စဉ်တွင် အိမ်ခြေ ၂၇ လုံး နှင့် လူဦးရေ ၆၀ ကျော်ခန့် သေဆုံးမှု ဖြစ်ပွားခဲ့သည်။ 

ယင်းကဲ့သို့ မြေပြိုကျမူတွင် မိသားစုဝင်များ၊ ဆွေမျိုး ၁၀ ဦးအထက် မြေပြိုသည့်အထဲ ပါဝင်သွားခြင်းကြောင့် ရုပ်အလောင်းများကို ရှာဖွေသင်္ဂြိုဟ်ပေးရန် စောင့်ဆိုင်းနေသည့် ကိုချမ်းအေးနှင့် ကိုမြင့်သိန်းတို့နှစ်ဦးကို မြင်တွေ့ခဲ့ရတာပင် ဖြစ်သည်။ ကိုချမ်းအေးကတော့ သြဂုတ် ၁၂ ရက်နေ့တွင် နှလုံးစိတ်ထိခိုက်မူကြောင့် ကွယ်လွန်သွားခဲ့သည်။ 

ရိုက်ကူး၊ တည်းဖြတ်-ထွန်းထွန်းဝင်း

မိုးဆက်လက်ရွာသွန်းပါက ရေပြန်တက်နိုင်လာဖွယ်ရှိတဲ့အတွက် မွန်ပြည်နယ် ကျိုက်မရောမြို့က ဒေသခံတွေ စိုးရိမ်

မိုးဆက်လက်ရွာသွန်းပါက ရေပြန်တက်နိုင်လာဖွယ်ရှိတဲ့အတွက် မွန်ပြည်နယ် ကျိုက်မရောမြို့က ဒေသခံတွေ စိုးရိမ်နေကြပါတယ် အခုလက်ရှိ အနည်းငယ် ရေပြန်ကျသွားပြီဖြစ်ပေမယ့် ကျိုက်မရောမြို့နယ်အတွင်း လူဦးရေ ၅၆၀၀၀ ကျော် ရေဘေးသင့်နေဆဲဖြစ်ပါတယ်။

ရိုက်ကူး - ဘုန်းနိုင်ဖြိုး၊မဇျ္စိမ

ရန်ကုန်- ကော့သောင်းလမ်းကားများ ပြန်လည် ဖြတ်သန်းနိုင်ပြီ

ရေးမြို့နယ်နှင့် ရေဖြူမြို့နယ်အစပ် နှစ်နေရာတွင် လမ်းပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည့် AH112အမည်ရ အမြန်လမ်းမှာ ပြန်လည်အသုံးပြုနိုင်ပြီဟု မွန်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၈) မှ ဦးမျိုးဝင်းက မဇ္စျိမသို့ အတည်ပြုပြောသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59731

မလွဲတောင်လမ်းပိုင်းအား အချိန်တိုအတွင်း အမြန်ပြီးစီးနိုင်အောင်ကြိုးစားနေဟု တိုင်းဝန်ကြီးချုပ်ဆို

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကို ဆက်သွယ်ထားသော မလွဲတောင်လမ်းပိုင်းအား တစ်ပတ်အတွင်း အမြန်ပြီးစီးနိုင်အောင် ကြိုးစားဆောင်ရွက်နေကြောင်း တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59674