LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)

07 March 2020
LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)
Premier League March 07, 19:00

Liverpool
2-1 (FT)
Salah 25', Mane 33' Wilson 9'
Stadium: Anfield
74 Min

ဖာဘင်ဟို၊ ဆာလက်နဲ့ ဖာမီနို တို့ အတွဲအဖက်လုပ်ပြီး ဘုန်းမောက်ဖက်ကို ဂိုးသွင်းဖို့ ကြိုးစားခဲ့ကြတာ ခင်ဗျာ။ ဒါပေမယ့် အချင်းချင်း အပေးအယူလုပ်တာ လွဲနေခဲ့လို့ ဘုန်းမောက်ကပဲ ဘောလုံးရသွားခဲ့ပါတယ်။

72 Min

ဆာလက် တစ်ယောက် ဘောလုံးဖမ်းတာမှာ လက်ထိခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော ပေးထားတယ် ခင်ဗျာ။ ဒီနေ့ပွဲမှာတော့ ကွင်းလယ်ဒိုင်လူကြီး တီယာနေး ရဲ့ ဆုံးဖြတ်ချက်တွေကို လီဗာပူးလ်ကစားသမားတွေ မကျေမနပ်ဖြစ်နေကြတာ အမှန်ပါပဲ။

70 Min

ပွဲကစားချိန်ကတော့ မိနစ် (၇၀)နီးပါးကိုရောက်လာခဲ့ပါပြီ။ နှစ်သင်းစလုံးက ပထမပိုင်း သွင်းဂိုးတွေအတိုင်းပဲ ဆက်လက်ရှိနေကြဆဲ ခင်ဗျာ။ ဘုန်းမောက်အသင်းနည်းပြ ဟိုဝီ ကတော့ ကွင်းလယ်ပိုင်းအတွက် ဆိုလန်ကီ ကို ထည့်ပြီး ကစားသွားဖို့ရှိနေပါပြီ။ စတာနစ်စလက်နဲ့ ဆိုလန်ကီ ကို လဲလိုက်ပြီ ခင်ဗျာ

68 Min

ဘုန်းမောက်အသင်းရဲ့ အဝေးကွင်းရလဒ်ပိုင်းကို ကြည့်ပြန်ရင်လည်း နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ် (၉)ပွဲမှာ (၈)ပွဲအထိ ရှုံးထားခဲ့လို့ သူတို့ရဲ့ အဝေးကွင်း ကစားပုံက သိပ်မစွံဘူးလို့ ပြောရမှာပါပဲ။ လက်ရှိအခြေအနေအရလည်း ဘုန်းမောက်တို့ အမှတ်ဗလာနဲ့ ပြန်ရဖို့ အခွင့်အလမ်းတွေများနေတယ်လို့ ပြောရမယ် ခင်ဗျာ။

66 Min

ဒီနေ့ပွဲမှာ လီဗာပူးလ်သာ အနိုင်ရသွားမယ်ဆိုရင်တော့ အသင်းခေါင်းဆောင်ဖြစ်တဲ့ မီလ်နာကို အားလုံးက ကျေးဇူးတင်ရမှာပါ။ ဒီရာသီမှာ လီဗာပူးလ်ရဲ့ အသင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ ဟန်ဒါဆင်နဲ့ မီလ်နာ တို့ဟာ အသင်းအတွက် အကောင််းဆုံးပေးဆပ် ကစားနေသူတွေဖြစ်ကြပြီး သူတို့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် လီဗာပူးလ်ဟာ ဒီလောက်အထိ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့တာလို့ ပြောရမယ် ခင်ဗျာ။

Updates

3 years 10 months ago
3 years 10 months ago
3 years 10 months ago
3 years 10 months ago
3 years 10 months ago

Pages

Mizzima Weekly